Professional Authors

ပျံသန်းနေသောအလင်းတွေကို ပရင့်ထုတ်သည်

ညက ညကို ခြောက်လှန့် တဲ့ လမ်းတွေပေါ် အစာမရတဲ့ နုတ်ခမ်းတွေလို့ 
ကိုယ်ပိုင်….ကုတ်အင်္ကျီတစ်ထည်လောက်တော့ လိုချင်တယ်
စိန်ခေါ်တက်တဲ့ …….လောကအတွက်ပါ

ဘယ်တုန်းကတော့မသိဘူး လက်ဝါးတွေ ဆီးနှင်းရိုက်တော့
လှလှပပ ပတ်တီးလေး ရှိခဲ့ ဘူးတယ် ထင်ရဲ့ 
ဒါပေမဲ့ လေလိုပါပဲ


လီနင်၊ ဟိုချီမင်၊ မော်စီတုန်း သူတို့ သေတော့ ပြတိုက်မှာထားတယ် တဲ့ 
ငါသေတော့ ငါ့ကိုယ် လေ သိလား ၊ထုံးဖြူလေးတွေသုတ်စေချင်တယ်
ကြီးကျယ်တာတော့မဟုတ်ပါဘူးလေ ခေါင်တိုင်းပေါ်ကအမည်းရောင် လေး
တစ်ချက်ပြန်ငေးချင်လို့ 

ကလေးတစ်ယောက် အငိုမဆဲ ပဲ ရွာနေသလို
မိန်းမတစ်ယောက် ကန္တရ သဲပြင်ရောက်နေသလို
ဘ၀ စာမျက်နှာက မာတိကာမပါတော့
အစီစဉ်ကျပါ့မလားတော့မသိဘူး
သေချာတာက ငါ ကုတ်အကျီစစ်စစ်
ပတ်တီးလှလှ ထုံးဖြူဖြူ ဒါလေးကိုပဲ ပန်းတွေပွင့်စေချင်တာလေ ။

In: ကဗျာ Posted By: Date: Aug 24, 2012
Comment #1

နှစ်သက်စွာခံစား အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 24, 2012
Comment #2

ကြမ်းရှထုတ်ကုန်တွေကို အချောသပ်ပေးခဲ့တဲ့ ဗော်ရှီဗစ်တွေ နို့အေးတွေဖြစ်သွားကုန်တယ်။တို့အတူ စကားလုံးတွေများ အချောသပ်ပေးဖို့ရာ အာနက်စတို နဲ့ ဖီဒယ်တို့ဟာ ကက်စပီယံ ထုတ်ကုန်၊ ခုတော့ ဒီဆေးပြင်းလိပ် နှစ်လိပ်များ ကျုးဘားကို ရှို့တဲ့ နှစ်လိပ်၊ အိုဘယ့် .. ချီ ၊ ဖီ ၊ အားလုံးကိုရောင်းစား ခဲ့တယ်လို့ ပြောရမှာပဲ။အဲသည့် ကျူးဘား သူတို့တောင် နေချင်တော့ မှာမဟုတ်တော့။ လူစွမ်းကောင်းဝါဒများ အသေအချာ စဉ်းစားကျပါ။

commentinfo By: fullfriday at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment