Professional Authors

တို့ မလေး (မင်းသုဝဏ်)

အိမ်ခေါင်မိုးမှာ၊ သူထိုးလာသည်
ပေလွှာစာချပ်၊ အဝေးရပ်က
ဆံဖြတ်မောင် ရေး၊ အလွမ်းတေးကို
မလေး ဖတ်နိုင်ခဲဖူးပြီ။

ရွှေဝသို့ သွား၊ ချစ်သူအားလျှင်
မှာကြားပို့ လေ၊ လွမ်းစာခွေဟု
မပြေမလှ၊ နွဲ့ လျလျနှင့်
မိန်းမလက်ရေး၊ ငယ်သေးသေးကို
မလေး ခြစ်နိုင်ခဲဖူးပြီ။

သို့ ပင်ဖြစ်လည်း
ချစ်သူနှင့်ဝေး၊ တို့ မလေးကား
ရေးလည်းမတက်၊ ဖတ်မတက်နှင့်
စာငတ် ပေငတ်၊ အသိငတ်သည်
မတ်တတ်ခြောက်သည့် သစ်ပင်လို။

ကံ ထောက်မ၍၊ ဤယနေ့ မူ
နွေငွေ့ လျှပ်လျှပ်၊ ပူစပ်စပ်တွင်
ထန်းပလပ်ရိပ်၊ တမာရိပ်၌
ချစ်ရိပ်ခိုဝင်၊ စာကိုသင်သော်
မပင်မပန်း၊ အမြင်ဆန်းသည်
မျက်ကန်းမလေး မြင်လေပြီ။
…………………………
…..

မင်းသုဝဏ်
၁၉၇၁

Leave Comments

Name*

Email*
Website
Email me whenever there is new comment