Professional Authors

ကျွန်တော် ညီမျှခြင်းလောက ဧည့်သည်

ကျွန်တော်  ညီမျှခြင်းလောက ဧည့်သည်

1။ ကျွန်တော်
လောကထဲအလည်လာခဲ့ ဧည့်သည်
ဘ၀ မှာ ငါးကြီးကြီးမျှားခြင်လို့
ချောင်းကိုပြစ် မြစ်ကိုရှာခဲ့သူပါ
အခုတော့
မြစ်ကိုလည်း ရှာမတွေ့
ချောင်းကလည်းဝေးကျန်ရစ်ပြီ

2။ ကျွန်တော်လောကထဲ အလည်လာခဲ့ဧည့်သည်
ဘ၀မှာ သံယောဇဉ် အသိုက်အမြုံလုပ်
အချစ်တစ်ခု ရင်ထဲ ဥ ခဲ့သူပါ
အခုတော့
ဥကွဲ အသိုက်ပျက် ကျွန်တော်သင်းကွဲ ဖြစ်ခဲ့ပြီ

3။ ကျွန်တော်လောကထဲ အလည်လာခဲ့ဧည့်သည်
ဘ၀ မှာ စိုက်သည့်အတိုင်း ရိတ်ရဖို့ထက်
ရိတ်မည့်အတိုင်း စိုက်ခဲ့သူပါ
အခုတော့ ရွက်ကြွေကတုံး ရိုးပြတ်ထုံး
ကျွန်တော် ခါးကုန်း ကျန်ရစ်ပြီ

4။ ကျွန်တော်လောကထဲ အလည်လာခဲ့ဧည့်သည်
ဘ၀မှာ ရိုးရိုးကျင့်မြင့်မြင့်ကြံဖို့
နေထွက်ရာ မျက်နှာမူ
အရှေ့တူရူလျှောက်ခဲ့သူပါ
အခုတော့
နေလည်ညို လူလည် အို
အိမ်အပြန်လမ်း
ကျွန်တော့ကို ထမ်းပြီးပို့ပေးကြပါတော့

In: ကဗျာ Posted By: Date: Aug 21, 2012
Comment #1

super like.
really excellent thinkings with nice creation

commentinfo By: ei lay at Aug 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment