Professional Authors

မင်းမသိတဲ့ ငါ့တိုင်းပြည်

ငါ့တိုင်းပြည်ကို
မြို့ရိုးတွေ ကျုံးတွေနဲ့
တားဆီးထားတာမဟုတ်
မရှိမဲ့ ရှိမဲ့ မာနကို ခိုင်ခိုင်စိုက်
သိက္ခာပါးပါးလေးသုတ်ပြီး
ထိန်းသိမ်းနေရတယ်။
ငါ့တိုင်းပြည်ကို
ပြဿဒ်တွေ စုလစ်မွန်းချွန်းတွေနဲ့
တန်ဆာဆင်ထားတာမဟုတ်
ဖြူစင်တဲ့ စိတ်ထားကို မှန်ယောင်ပြ
ပုံရိပ်စစ်ဖြစ်ဖို့
ပြောင်းပြန်တန်ဆာဆင်နေရတယ်။
ငါ့တိုင်းပြည်မှာ—-
ရွှေ ငွေ ပတ္တမြား ပေါကြွယ်ဝနေတာမဟုတ်
(အေးချမ်းသာယာဖို့)
စေတနာ၊ မေတ္တာ ၊ အနစ်နာခံပြီး
ပေးဆပ်နေရတယ် ။
ငါ့တိုင်းပြည်မှာ—-
အတ္တ မာန မရှိ
ချုပ်နှောင်ခြင်းမရှိ
ပိုင်ဆိုင်ခြင်း မသိ
ဆုံးရှုံးခြင်း မသိ
မေတ္တာတရားပဲ အလိုရှိတယ် ။ ။

In: ကဗျာ Posted By: Date: May 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment