Professional Authors

……..ထမင်းစိတ်……. ( sharon )

မာန အတု အစစ်

ကျနော် ကြိုက်တဲ့ ပင်လယ် စာ က ကျနော် နဲ့ ဓာတ်မတည့် ဘူးး

အရောင်တချို့  ဖိနပ်အရံလဲစီး နေကြတယ်

မနက်ဖြန်တွေကို ကျနော် အရမ်းအားနာနေရတာ ကြာပြီဗျာ

ချို့ တဲ့ ခြင်း ( ပျံသန်းခွင့် )

ထူးထူးထွေထွေ အောက်ဆိုက်ဒါ

ကျနော် ငတ်တာ…..

စေတနာ…စေတနာ..စေတနာ ( ပေးကမ်းခြင်းမဟုတ် ..စွန့် ကြဲခြင်းမဟုတ် )

နွေဆန်တဲ့ အေးစက်မှု

နေ့ စွဲ….. မှာ..စွဲ

မသိခဲ့ဘူးး….ပုဒ်မ ချခံရတာ ကျနော်လားး ခင်ဗျားလားး သူလားး

အချစ်…အချစ်

ကျနော့်  အစာအိမ် နာနေတယ်

ကျနော်သေတယ်

ကျနော်သေတယ်

ကျနော် ထပ်ပြီးသေတယ်

ကဗျာအလာ့ဂျစ်

အဲဒါ..အဲဒါ….ကျနော့်ကို နွှာတာ

နာမ၀ိသေသနတွေ..

ကျနော့် အန်ဖတ် နဲ့ ကျနော် မွန်းတယ်…မွန်းတယ်

သက်ပြင်းချ သံတွေ ကြားမှာ

ကျနော်…..

နှစ်နှစ်ကာကာ ပြုံးခဲ့ တာ

အစာအိမ် ဆေးဖို့ အရည် တချို့ လို တယ်..

 

 

 

 

ဝန်ခံချက်။။။။ ကဗျာခေါင်းစဉ် အား ဆရာ မြင့်ဦးဦးမြင့်၏ စကားစုအားယူသုံးထားပါသည်။။။။

 

ရှာရွန် …. 23.2.2012 …1.03 am

 

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Feb 25, 2012
Comment #2

အားပေးတာထက်ပိုတယ်ဗျာ….ရမလား…အန်တီ

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #3

“ကဗျာအလာ့ဂျစ်
အဲဒါ..အဲဒါ….ကျနော့်ကို နွှာတာ
နာမ၀ိသေသနတွေ..
ကျနော့် အန်ဖတ် နဲ့ ကျနော် မွန်းတယ်…မွန်းတယ်”
ဒီကဗျာနဲ့တင် ဒီနေ့ဒီမှာ ကဗျာမွှေနှောက်ဖတ်ရကျိုးနပ်သွားပီ..
အရမ်းကောင်းပါတယ်…

commentinfo By: kyalsote at Feb 25, 2012
Comment #4

ခင်ဗျားတိုရဲ့  အားပေးမှုကိုရရှိတာ……… ကျနော် သေလို့ ရပြီဗျာာ
လေးစားပါတယ်ဗျ..အားလုံးကိုကျေးဇူးတင်ပါတယ်

commentinfo By: sharon myorr myor at Feb 25, 2012
Comment #5

ကလောင်ရှင်ရှရွန်ရေ လက်ကတော့အရင်ကအတိုင်းထက်မြဲထက်ဆဲဘဲဗျနော်
ဒီကဗျာမှာ ဆန်းကြယ်တဲ့အရေးအသားလေးတွေတွေ့ရတယ်ဗျ လေးစားတယ်ဗျာ brainကိုတော့
ကဗျာလေး ခံစားအားပေးသွားပါတယ် ရှရွှန်မျောမျော်ရဲ့အရေးအသားအမြဲလေးစားနေတယ်ဗျ ဒါကြောင့် ကဗျာအသစ်တွေရေးပါဦးဗျာ အဆင်ပြေရင်ပေါ့ ။

commentinfo By: X - ray at Feb 28, 2012
Comment #6

ခိုးကြောင်ခိုးဝှေ့နဲ့မဖတ်ချင်ဘူး..ဒါပေမယ့်သိပ်ပြီးတော့လည်းနားမလည်ဘူး
ကျနော်ကဆရာမရဲ့ကဗျာထဲမှာတစ်ခုခုများတွေ့မလားဆိုပြီးလိုက်ဖတ်နေစဲပါ..ဆရာမရဲ့ စိတ်တွေကို လည်းနည်းနည်းခြင်းဖတ်တတ်နေပါပြီ..လေးစား
ပါတယ်..ဗျာ

commentinfo By: တာဇံ at Feb 29, 2012
Comment #7

ကျနော်…..

နှစ်နှစ်ကာကာ ပြုံးခဲ့ တာ

အစာအိမ် ဆေးဖို့ အရည် တချို့ လို တယ်..

commentinfo By: zawthetoo at Feb 29, 2012
Comment #8

ထပ်ပြောလဲဒီစကားပဲဗျာ
ကျနော်သေလို့ရပြီ (ကျနော်လေးစားတဲ့ ဆရာ့ဆရာတွေ ကကျနော့် ကိုအားပေးကြလို့ ပါ )
eps thanks 2 ko x’ray

commentinfo By: sharon myorr myor at Feb 29, 2012
Comment #9

@ တာဇံ (ကျနော်မရင်းနှီးသေးတဲ့ အမည်နာမ တခုက ကျနော့်စိတ်ကိုဖတ်တတ်နေပြီဆိုတော့ကာာ ကျနော် အံ့သြမိတာအမှန်ပါ…ခင်ဗျားဟာကျနော့်ကိုကောင်းကောင်းသိသောသူဖြစ်ပါ့လိမ့်မယ်လို့  ကနော်မျှော်လင့်ပါတယ် ..ဘာပဲပြောပြော ပါကျေးဇူးတင်ပါတယ်…နောက်နောင်ကျနော်ပေါက်တတ်ကရရေးရင်လဲအကြံညဏ်ပေးကြပါလို့  )

commentinfo By: sharon myorr myor at Feb 29, 2012
Comment #10

အားပေးလျက်ပါ…

commentinfo By: Salai Peter at Mar 10, 2012
Comment #11

အင်း ဘယ်နှစ်ခေါက်မှန်းမသိပြန်ဖတ်ဖြစ်ဧ။်
လန်းဆဲပဲ လန်ထွက်နေတယ်ပဲ ပြောရပါ့
အချစ်…အချစ်

ကျနော့်  အစာအိမ် နာနေတယ်
ကျန်းမာရေးဂရုစိုက်
ခပ်ပျင်းပျင်း ဖြစ်နေတယ် ခပ်ဖြည်းဖြည်းဖျားပီးတော့
လန်ထွက်နေတဲ့ ခြံထွက်နွားနို့ကို
မနက်အစောကြီး ဟိုငေးဒီငေးနဲ့သောက်
စကားပြောလျှင်အသက်ရှုမအောင့်ရ 😀

commentinfo By: ကြာကူလီငပိန်း at Mar 16, 2012
Comment #12

ကျေးဇူး ဗျို့  ..

commentinfo By: sharon myorr myor at Mar 23, 2012
Comment #13

ကဗျာအလာ့ဂျစ်

အဲဒါ..အဲဒါ….ကျနော့်ကို နွှာတာ

နာမ၀ိသေသနတွေ..

ကျနော့် အန်ဖတ် နဲ့ ကျနော် မွန်းတယ်…မွန်းတယ် … အရမ်းမိုက်တယ်ဗျ

commentinfo By: cherry4cheery at Sep 22, 2013
Comment #14

နွေဆန်တဲ့ အေးစက်မှု

နေ့ စွဲ….. မှာ..စွဲ

မသိခဲ့ဘူးး….ပုဒ်မ ချခံရတာ ကျနော်လားး ခင်ဗျားလားး သူလားး

အချစ်…အချစ်…..arr pay twar pr tal myorr..:)

commentinfo By: shwezinmyatno at Sep 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment