Professional Authors

အော်.. .အချစ် အချစ်

< အချစ် >

ငိုပြီးရင်ချို
ချိုပြီးရင်ငိုတာ  အချစ်လား ??

ဆန်းရင်လှမ်း
လှမ်းရင်ကန်းတာ  အချစ်လား ??

ဟောင်းရင်ပစ်
နှောင်းရင်သစ်တာ  အချစ်လား ??

ပိုင်ဆိုင်ခြင်း
ပေးဆပ်ခြင်း
ရယူခြင်း
စွန့်လွှတ်ခြင်း
အနစ်နာခံခြင်း
ခွင့်လွှတ်ခြင်း တဲ့……..အချစ်ကို အဓိပ္ပါယ်ဖွင့်ကြတယ်
ဘာတွေကပဲအချစ်ဖြစ်ပါစေ
ကျွန်တော့အတွက်ကတော့
အချစ်ဆိုတာ –
– အားနည်းချက်ကိုချစ်နိုင်ခြင်းပဲ  
။  ။။

1/1/2013                                                 Ray
02:15
ကဗျာညီအစ်ကိုမောင်နှမအားလုံး HAPPY NEW YEAR ပါဗျာ 🙂 🙂 🙂

သူများပျော်လို့မှတို့မှာမပျော်နိုင်အချစ်နာကျလို့မှိုင်။


In: ကဗျာ Posted By: Date: Jan 1, 2013
Comment #1

><

commentinfo By: ei lay at Jan 1, 2013
Comment #2

ကျွန်တော့် … ကျွန်တော့် ရဲ့ … မောင်လေး X – ray

HAPPY NEW YEAR ခင်ဗျ…နေပျော်အောင်နေပါလို့ ….

ထာဝရပျော်ရွှင်ပါစေကြောင်းလှိုက်လှဲစွာဆုမွန်ကောင်းတောင်းလျှက်

commentinfo By: အသဲကွဲ မိုး at Jan 1, 2013
Comment #3

သကြားလုံးထုပ်တွေဆောင်ထားတယ်ထင်တယ်..ငိုပြီးတိုင်းစားနေတာလား..
ကိုX-Ray အားနည်းချက်ကို ပါရဂူတွေနဲ့ပြကြည့်လေ..တော်ကြာ..ကလေးမရဘဲဖြစ်နေအုံးမယ်..
အချစ်နာမကျနဲ့…ကြက်ငှက်တုပ်ကွေးတောင်ကြေက်စရာကောင်းတာ…

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #4

Rofl…
ko kyaw naing linn,,Thu myar tway da ke khan sarr nay ya Dar ko.
daw daw Nout de naw.
😛

commentinfo By: ei lay at Jan 1, 2013
Comment #5

အလကားစတာ..ချစ်လို့

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #6

ကိုx-ray……..သြော်..အချစ်..အချစ် ပဲ
ညီ လည်းပြောပါရစေ….

commentinfo By: poem.poem28 at Jan 1, 2013
Comment #7

တကူးတက ဆုတောင်းပေးသွားတဲ့ အစ်မတော်မိုးကျေးဇူးပါဗျာ ကျွန်တော့ကဗျာလေးကို ဒီလောက်လူများများအားပေးမယ်လို့တကယ်မထင်ထားဘူး ကဗျာလေးကို ဖတ်သွားတဲ့ အားပေးသွားကြတဲ့ မအိလေး၊ အစ်မတော်မိုး ၊ ကိုကျော်နိုင်လင်း ၊ ကိုgenius တို့ကိုကျေးဇူးအများကြီးတင်ပါတယ် နောက်ကိုလည်း ကျွန်တော့ကဗျာလေးတွေကို အားမနာတမ်းဝေဖန်နိုင်ပါတယ် ~~

With respect,
RAY

ကိုကျော်နိုင်လင်း
ခင်ဗျားဗျာ ဘာတွေလာပြောနေတာလဲ နောက်တာလည်းနောက်တာပေါ့ဗျာ သိပ်တော့အလွန်အကျွံမနောက်သင့်ဘူး မနေ့ကဆို သူများတွေ Happy New Year ပျော်ပျော်ကြီးအော်နေတဲ့အချိန်မှာ ကျွန်တော်ကတော့ နေမကောင်းလို့ စိတ်လည်းနည်းနည်းညစ်နေလို့ Happy New Year ဆိုတာကို ပါးစပ်ကတောင်ထုတ်မအော်နိုင်ခဲ့ဘူး သူများစိတ်ဆင်းရဲနေတာကို ခင်ဗျားကိုယ်ချင်းမစာနိုင်ရင်လည်း ရပါတယ်ဗျာ ဘာမှမဖြစ်ဘူး တရားလွန်တော့မနောက်နဲ့ဗျ ။

commentinfo By: X - ray at Jan 1, 2013
Comment #8

ko x ray sate soe twar p lar?
😛
sate ma soe par ne.
ko kyaw naing linn ka pyaw pyaw nay tat loh phyit hmar par,
thu myar ko nit nar say lo de sate htar shi pone ma ya par bu,
thu ka khin phoe le kaung par de,
sate ma soe par ne dot naw.
peace,,,peace,,
ei lay doe arr lone ka poems chit thu tway be har,
ta baw htar g pay like par naw,

commentinfo By: ei lay at Jan 1, 2013
Comment #9

X-ray ရယ် ငါ့ရင်ထဲမှာ ဒီဆိုဒ်ကလူတွေကို ငယ်ပေါင်းတွေလိုပဲသဘောထားပြီးစတာပါ…မင်းတို့ခင်လို့
ငါအခြား ads.com.mm မှာတောင်မရေးဖြစ်ဘူး..စတာမကြိုက်လဲ..မစဘူးပေါ့ကွာ..ဟုတ်ဘူးလား..
တစ်ခုက..တစ်ယောက်နဲ့တစ်ယောက်..စကြရင်..အဲဒါလေးတွေဖတ်ရင်းနဲ့များများဖတ်ဖြစ်ကြတယ်ကွ..
မင်းဒို့ကို..အားတစ်ခုဖြစ်စေချင်တာလဲပါတာပေါ့..

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #10

ကိုကျော်နိုင်လင်း ခင်ဗျားကခင်လို့နောက်တာဆိုရင်လည်း ပြီးတာပါပဲ
ကျွန်တော်လည်း ခင်ဗျားကိုစိတ်မဆိုးပါဘူး ကျွန်တော်စိတ်ဆင်းရဲနေတဲ့အချိန်မှာ ခင်ဗျားကဘယ်လိုစကားတွေနဲ့လာနောက်နေမှန်းမှမသိတာ အဲ့ဒါကြောင့် ကျွန်တော်နည်းနည်းစိတ်ခုသွားတာပါ ။

With respect,
RAY

commentinfo By: X - ray at Jan 2, 2013
Comment #11

ကဲ ကဲ
X-ray ရော ကိုကျော်နိုင်လင်းရော …
သယ်ရင်းအချင်းချင်းခင်လို့နောက်ကြတာနေမှာပါနော်
စိတ်ချမ်းသာအောင်နေပါ
X-ray ရေ

commentinfo By: maypyo22889 at Jan 2, 2013
Comment #12

Har, ,
pyaw sa yar g phyit twar p naw.
Arr lone be sate Sinn ye nay de ko x ray ko wine p Su taung myit tar poh pay kya ya aung,,
a sa sa a yar yar myan myan a sin pyay par say naw.
Fighting,,,ko x ray.

commentinfo By: ei lay at Jan 2, 2013
Comment #13

အတတ်ဆုံးတော့စိတ်ချမ်းသာအောင်နေထိုင်နေတာပဲ မမေပျို ကျွန်တော့ထက်စိတ်ဆင်းရဲနေရတဲ့လူတွေဒီကမ္ဘာမှာတစ်ပုံကြီးပါ စိတ်ချမ်းသာဖို့ရက်ကိုမျှော်နေရင်တော့အဲ့ဒီလူကဘယ်တော့မှစိတ်ချမ်းသာမှာမဟုတ်ဘူး ကျွန်တော်ဘာမှမဖြစ်ပါဘူး မမေပျို ကျွန်တော်ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ပါတယ်

မအိလေးက သူတစ်ပါးကိုတော်တော်အားပေးတတ်တာပဲဗျ
ကျွန်တော် ခင်ဗျားအားပေးလို့ စိတ်ဆင်းရဲတာတွေပျောက်မသွားပေမယ့် တော်တော်လေးတော့အားရှိသွားပါတယ်
ကျွန်တော့ကဗျာလေးမှာ တကူးတကလာရောက်အားပေးစကားပြောသွားကြတဲ့ မအိလေးနဲ့ မမေပျိုတို့ညီအစ်မနှစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ~~

With respect,
RAY

commentinfo By: X - ray at Jan 2, 2013
Comment #14

အဲ့ဒီအချိန်တုန်းကတော့ နည်းနည်းရီဝေေ၀လေးဖြစ်နေတယ် 😀

စတာနော် …

အချစ်ကိုတံဆိပ်ကပ်လို့ မရဘူးထင်တယ်…။

commentinfo By: loafer at Mar 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment