Professional Authors

*ခောတ်တခောတ်ရဲ့  တမ်းချင်း* ………………………… ………

မိုးတွေခတ်အုန်း တိုင်းပြည်ရှံးတဲ့ အမွေ

ဘ၀င်ညိုး ၁၉ ဂျုလိုင် စနေ။
သွားလေသူပြည်ကြီးရှင်အပေါင်း
ရောက်ရာအရပ်က ထောက်ကာcheckကြပါတော့ 
”သခင်မျိုးဟေ့ ဒို့ ဗမာကို”
ပြန်ဆိုတေးလိုထုတ်လိုက်ချင်ရဲ့ ။
ဒီမိုကရေစီချစ်တဲ့ ကွန်မြူနစ်ဖေဖေ
မျိုးအမွေစွန့် ကာထားခဲ့ ပေမယ့် 
ဆိုးအထွေထွေရစ်ကာသိုင်းဖွဲ့ လေတော့ 
သုံးကျိတ်ရဲဘော်ထဲမလည်း
လောက်ကောင်ကမွှေ။
လက်မတင်ကလေးလည်းကယ်
အမြှော်အမြင်ကြီးကြီးနဲ့ ဆယ်
မိုးပေါ်ထောင်မပစ်တက်တဲ့ ”အဘ”က
အိမ်ကြက်ခြင်းအိုးမဲသုတ်”ခွပ်”ခိုင်းလေတော့ 
တစ်နာရီမဟုတ် တစ်ရက်မဟုတ်
ဆယ်စုနှစ်တစ်ခုမဟုတ်
ညီညွတ်ကြပါဖေ့ စကား မြန်ပြည်ကြားမှကြားရဲ့ လား။
ကျေးဇူးရှင်တွေသေခဲ့ တာနယ်ချဲ့ ကျည်ဆံမဟုတ်
ခောတ်ဆိုးခောတ်ပျက်စာမျက်နှာလှန်ကြတဲ့ 
ခွပ်ဒေါင်းပျိုသွေး ခြေဆေးခဲ့ တာလည်း
စိမ်းသူမဟုတ်
ခုပဲမုန်း ခုပဲပြုံး အရှက်သုဉ်း
တကိုယ်လုံး အိုးမဲသုတ်
အရှုပ်ထုတ်နဲ့ တိုင်းပြည်ကို”၀”ကွက်အပ်တာလည်း
တိုင်းတပါးတိုင်းခြားမဟုတ်။
ဖေချစ်မြန်ပြည်ဖွား မြန်မာပြည်သားတွေပါပဲအဖေ။
ခောတ်ပြောင်း စနစ်ပြောင်း
ခေါင်းဆောင်တွေ ခေါင်းထောင်ကြပြန်တော့ 
ကသောင်းကနင်း အစောင်းအတင်းတွေနဲ့ 
ကိုယ်ထူကိုယ်ထ ဤကိုကျွဲဖတ်ကြပြန်ပေါ့
ရှေးရိုးလမ်း သွေးတိုးစမ်း
ဆေးရိုးလှမ်းချင်သူတွေကလည်း အများသား။

လက်နက်ကိုင်အုပ်ချုပ်ရေးကြောင့် 

စည်းကမ်းဖောက်နည်းလမ်းပျောက်ခဲ့ တာလား…?

စည်းကမ်းဖောက် နည်းလမ်းပျောက်လို့ လက်နက်ကိုင်အုပ်ချုပ်ခံခဲ့ ရတာလား

ဟိုဟာလား ဒီဟာလား

လက်မတင်လေးကယ်သူတွေမပေါ်ခင်

ကိုယ်ထူကိုယ်ထ ဆယ်ယူတော်မူကြပါတော့ 
အမယ်  မင်း………….ကမ်းပျောက်တဲ့ တိုင်းပြည်ကို………။………။။

In: ကဗျာ Posted By: Date: Mar 10, 2014
Comment #1

very nice fri.. Good Remembrance of our National Hero!!
လက်နက်ကိုင်အုပ်ချုပ်ရေးကြောင့် 

စည်းကမ်းဖောက်နည်းလမ်းပျောက်ခဲ့ တာလား…?

စည်းကမ်းဖောက် နည်းလမ်းပျောက်လို့ လက်နက်ကိုင်အုပ်ချုပ်ခံခဲ့ ရတာလား

ဟိုဟာလား ဒီဟာလား

လက်မတင်လေးကယ်သူတွေမပေါ်ခင်

ကိုယ်ထူကိုယ်ထ ဆယ်ယူတော်မူကြပါတော့ 
အမယ် မင်း………….ကမ်းပျောက်တဲ့ တိုင်းပြည်ကို…

commentinfo By: Karyan Thit at Mar 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment