Professional Authors
ကမ္ဘာ မပျက် ခင် ရေးတဲ့  ကဗျာ
အားလပ်ရက် တွေ ဟာလည်း
သတ္တ၀ါ တစ်ခု ကံ တစ်ခု
ပူနွေး လာတဲ့  ကမ္ဘာမြေ ကြီး ကြောင့် 
ကိုယ့် ကျင့် တရားက ချွေးတစို့ စို့  နဲ့
ကျွန်တော် ကို ကျွန်တော် စိတ်ပူတယ်( စိတ်ပျက်တယ်)
ကမ္ဘာကြီးဟာ သူမ နာမည် လိုပဲ တောနက်ကြီး တစ်ခုထဲ က
အပူဒဏ်တွေနဲ့  လူရိုင်းတွေ ရဲ့ ပူပူညံ ညံ ရယ်မော သံတွေ နဲ့
အိမ်မက် မြေဇာ များနဲ့  မျှော်လင့်ချက် နေရောင်ခြည်များနဲ့ ယုံကြည်မှု လေပြည်များနဲ့
စိန်ခြယ်ပန်း များ နှင့် ……………….
……………………………………….
…………………..
မနေ့ တစ်နေ့ က လိုပဲ  ဒီနေ့ တိမ်တွေ ပိုမှောင် ခဲ့ လေ ရဲ့
ပို မှောင်နေတဲ့  ဒီနေ့  တစ်ရက်မှာပဲ  ……သူ မ ဆက်သွယ် လာခဲ့ တယ်
မှတ်မှတ် ရ ရ ထို နေ့  က  ‘ ကမ္ဘာ မပျက်ခင် တစ်ရက်အလို ‘
အားလပ် ရက်  နေ့  တစ် နေ့  လည်း ဖြစ် ရဲ့ ။                     ။ (လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Nov 9, 2011
Comment #1
ပူနွေး လာတဲ့  ကမ္ဘာမြေ ကြီး ကြောင့် 
ကိုယ့် ကျင့် တရားက ချွေးတစို့ စို့  နဲ့ 
ကျွန်တော် ကို ကျွန်တော် စိတ်ပူတယ်( စိတ်ပျက်တယ်)
commentinfo By: May Kha at Nov 9, 2011
Comment #2
မိုက်တယ်ဗျာ…..လန်းတယ်…
commentinfo By: ARker at Nov 9, 2011
Comment #3
ka bar ma pyat khin phat kwint ya loh pyaw like tar.
commentinfo By: ei lay at Nov 10, 2011
Comment #4
အားပေးတာကို ကျေးဇူး တင်ပါတယ်ဗျာ…
ကမ္ဘာမပျက်မခြင်း ကဗျာတွေ ရေးနေ မှာ ဖြစ်လို့  မအိလေး ကမ္ဘာမပျက်ခင် ကဗျာတွေ ထပ်ဖတ်ခွင့်ရဥိးမှာပါ:P
Comment #5
ကဗျာက တစ်မျိုးလေးဆန်းတယ်ဗျ
အားပေးသွားတယ် ။
commentinfo By: X - ray at Nov 16, 2011
Comment #6
ka bar ma pyat khin hti ei lay ka a tet shay chin hma shay hmar.
sate g de thu tway,,sate to myan de thu tway,,kha na kha na sate kauk de thu tway,,a yan khan sar p kha na kha na ngo tat de thu tway ka a tet ma shay kya bu.he..he..
commentinfo By: ei lay at Nov 17, 2011
Comment #7
2012 ဇာတ်ကားလို ဆိုရင် အကုန်သေမှာပဲ .စိတ်ကြီး ကြီး မကြီး ကြီး စိတ်တိုတို မတိုတို
ဟုတ်တယ်ဟုတ် မအိလေး
Comment #8
he,,he,,
hote lar?
e de 2012 zat kar ka kaung lar?
bar pe phyit phyit tu tu pe pop naw.
he,,he,,
ei lay dot a phaw tway ya p kwa,
commentinfo By: ei lay at Nov 17, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment