Professional Authors

ဒီနေ့ဆင်ဖိုနီ

ဒီနေ့ဟာ ညကအိပ်မက်ကြီးကို ဆက်မမက်ချင်တော့ဘူးတဲ့
ဒီနေ့ဟာ ရှင်သန်ခြင်းကို ဘီယာချဉ်ချဉ်စုပ်ရမှာထက် ပိုကြိုက်တယ်တဲ့
ဒီနေ့ဟာ ဒီနေ့ဆန်သင့်တယ်တဲ့လေ
အဲဒီလိုနဲ့ ဒီနေ့ဟာ အသစ်ချပ်ကျွတ်အင်္ကျီနဲ့ဘောင်းဘီကိုဝတ်ပြီး
အသစ်ချပ်ကျွတ်နေ့တစ်နေ့အဖြစ်နဲ့
အသစ်ချပ်ကျွတ် သီချင်းတစ်ပုဒ်ကိုဖွင့်လို့အသစ်ချပ်ကျွတ်မြို့ထဲကိုထွက်ခဲ့တယ်တဲ့
ဒီနေ့ဟာ ပျော်ပျော်နေ မြို့ထဲသွား လောဂျစ်ကိုသဘောကျပြီး
ဒီနေ့ဟာ အခုဘယ်သွားမလဲဆိုတော့ ထုံးစံအတိုင်း တိတိကျကျမရှိပါဘူးတဲ့
ဒီနေ့ဟာ သူလိုကိုယ်လိုအဖ်ာကောင်းရင် ကျောက်မြောင်းထိလိုက်တတ်တဲ့သူငယ်ချင်းတစ်ယောက်ယောက်ကိုတောခေါ်ရမယ်တဲ့
ဒီနေ့ဟာ သူ့အမူအကျင့်အတိုင်းလူမိုက်ငှားရမယ်တဲ့
ဒီနေ့ဟာနာမည်ကြီး ဆူပါမားကတ်တစ်ခုခုပေါ် တက်ပြီး ရှော့ပင်ဝင်ချင်ဝင်မယ်တဲ့
ဒီနေ့ဟာ တကယ်တော့ သူဟာပစ္စည်းတစ်ခုကိုဝယ်ဖို့ အင်မတန်ခက်ခဲတတ်တဲ့လူစားမျိုးပါတဲ့
ဒီနေ့ဟာ မတတ်နိုင်ဘူးတဲ့ ဒီလိုပဲလုပ်နေကျ ဆူပါမားကတ်တစ်ခုခုပေါ် ရှော့ပင်ဝင်ချင်ဝင်မယ်တဲ့
ဒါမှမဟုတ်
ဒီနေ့ဟာ အအေးဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်ပြီးသဘာဝကျစွာ ကော်ဖီပူတစ်ခွက်မှာသောက်ချင်သောက်မယ်တဲ့
ဒီနေ့ဟာ
အခန့်သားမျက်နှာပေးနဲ့ ပါလာတဲ့ကဗျာစာအုပ်ကိုထုတ်ပြီးကဗျာတစ်ပုဒ်ခံစားချင်ခံစားနေမှာတဲ့
ဒါမှမဟုတ်ခဲ့ရင်လည်း
ဒီနေ့ဟာ သူ့ရဲ့ တနင်္ဂနွေမလေးကိုခေါ်ပြီး
ဟာသဇာတ်တင်တဲ့ ရုပ်ရှင်ရုံတစ်ရုံရုံဆီ ဦးတည်ရင်တည်မိမှာတဲ့
ဒီနေ့ဟာ ဘာဆိုဘာမှ သေချာရေရာမှုမရှိဘူးတဲ့
သေချာတာတစ်ခုက
ဒီနေ့ဟာ သူလည်း အပျော်ဖတ်ပါပဲတဲ့ တွေသမျှ စကတ်တို စကတ်ရှည် ဘောင်းဘီတို ဘောင်းဘီရှည် မလေးတွေအားလုံးကို ဖတ်ပါတယ်တဲ့
ဒီနေ့ဟာ ပန့်ခ်ချိုချိုလေးတွေ ပို သဘောပိုကျပါတယ်တဲ့
ဒီနေ့ဟာ သူလည်းပုထုဇဉ်ပါတဲ့ သူလည်းသာမန်လူပါပဲတဲ့
ဒီနေ့ဟာ သူ့ကို ပွဲအမြဲတမ်းရှာနေတဲ့ ပွဲကြိုက်တဲ့သတ္တ၀ါလို့ပြောနိုင်တယ်တဲ့
ဒါမှမဟုတ်ခဲ့ရင်
ဒီနေ့ဟာ သူ့ကို အပြင်လူဝတ္ထုထဲက ဇာတ်ကောင် မာဆိုး လို့ ခေါ်ချင်ခေါ်နိုင်ပါတယ်တဲ့
ဒီနေ့ဟာ မလိုလားအပ်ဘဲ ပိုပူခဲ့ရတဲ့အတွက်လည်းစိတ်မကောင်းပါဘူးတဲ့
ဒီနေ့ဟာ မလိုလားအပ်ဘဲဇာတ်လမ်းတွေရှည်ခဲ့မိတာကို တောင်းပန်ပါတယ်တဲ့
ပြီးတော့
see u တဲ့
ဒီနေ့ဟာ
ကျွန်တော့်ကိုလက်ပြနှုတ်ဆက်တယ်
သူ့ရဲ့ အရယ်ကျဲကျဲ မျက်နှာရွှဲရွှဲကြီးနဲ့….

In: ကဗျာ Posted By: Date: May 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment