Professional Authors

အစွဲ

ဝေလေလေ
မလုပ်ဘူးနော်
ကျွန်တော်လေ
တစ်ခါတစ်ခါပေါ့
ထိုင်ခုံလေးနား ၀ဲတယ်……
တစ်ခါတစ်ခါ
အတန်းရှေ့နားလေး ၀ဲတယ်….
အင်းပြီးတော့
အုတ်လမ်းလေးအတိုင်း ၀ဲတယ်….
ချစ်တယ် ဆို တဲ့
အစွဲ တစ်ခု
ကျွန်တော်နှလုံးသားထဲမှာလေ
အခုထိရှိနေတယ်…
ဘယ်သူသိသိ မသိသိ
ကျွန်တော် ရှိတာကို
ကျွန်တော်သိတယ်….
ဘယ်သူစောင့်စောင့် မစောင့် စောင့်
သူမ အလာကို
ကျွန်တော် စောင့်တယ်…..
လူတွေက ကျွန်တော်ကို လန့်တယ်…..
ကျွန်တော် ကသူမ မုန်းမှာ လန့်တယ်…..
နေ့တိုင်းစောင့်တယ်
ညတိုင်းစောင့်တယ်
အချိန်တွေပြောင်းသွားလည်း
ကျွန်တော်ရှိတယ်…
လူတွေ ပြောင်းသွားလည်း
ကျွန်တော်ရှိတယ်…
မလန့်ကြပါနဲ့ဗျာ
ကျွန်တော်က သူမပြန်အလာကို
စောင့်နေရုံသက်သက်ပါ….
မနက်ဖြန်ဆို ရင်တော့
လာလောက်ပြီထင်ပါရဲ့……
အော် ခင်ဗျားတို့ ပျင်းရင်
ကျွန်တော်ဆီကို လာခဲ့ပေါ့
တစ်ယောက်တည်းပျင်းလို့ပါဗျာနော်
ဘယ်မှာ ရှာရမလဲ ဆိုတာ သိပါတယ်……….
အချစ် တစ္ဆေဝေလေလေ……………။

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

he,,he,,,
really really nice poem.
lots of funs.
lots of unchangeable love,

commentinfo By: ei lay at Dec 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment