Professional Authors

“လေးကြောင်းမျဉ်းနဲ. ရေးတဲ. ရည်းစားစာ”

မင်္ဂလာပါ ငွေသော်တာရောင်ခြည်လေးရေ …
မင်းဘက်က ကြိမ်လုံးသာ မကိုင်ဘူးဆိုရင်
ကိုယ် သိုးငယ်လေးတစ်ကောင်လို ရိုကျိုးခယ
မင်းရဲ. ထာဝရကျောင်းသား ဖြစ်ပါရစေ

အရာရာချို.ငဲ.ခဲ.သူ တစ်ယောက်အနေနဲ.
မင်နီတွေ နောက်တစ်ခေါက် မကြုံချင်တဲ. အဖြစ်မျိုး
ရိုးရှင်းတဲ. ရည်ရွယ်ချက် နွမ်းလျလျ
ဆရာမလေးရေ ….
နားလည်ပေးပါ

သံတူကြောင်းကွဲ အမှားသစ်တွေ
ဘယ်တော.မှ ထပ်မဖြစ်ရအောင်
သုညက စပြီး ဖာထေးပြုပြင်
အခု ၀ လုံးတွေ ပြန်ရေးသင်နေတယ်

အဖြူအစိမ်းတို.ရဲ. အဖြူအစိမ်းလေးရေ…
အဲဒီမြေဖြူကိုင်တဲ. လက်ချောင်းတွေနဲ.
ကပေကရေ ကျောက်သင်ပုန်းအိုထက်မှာ
ဟောဒီကောင်.အိပ်မက်ကို
ဝိုင်းဝိုင်းစက်စက် စာလုံးပေါင်းလှည်.ပါတော.        …..။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အားပေးသွားတယ်နော်……..

commentinfo By: May Kha at Oct 5, 2011
Comment #2

ကျေးဖူးပါ ခင်ဗျ။

commentinfo By: SimpleSimplest at Oct 6, 2011
Comment #3

wow….
so cute,
great,

commentinfo By: ei lay at Nov 17, 2011
Comment #4

So sweet

commentinfo By: ei lay at Oct 6, 2012
Comment #5

လှလိုက်သဗျ… ကဗျာလေးက။ တော်တော်လေးကို ခံစားသွားရတယ်

လေးစားလျက်

commentinfo By: 13th at Dec 25, 2012
Comment #6

ကျေးဇူး ပါ ခင်ဗျ

commentinfo By: SimpleSimplest at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment