ချစ်သူအတွက် ရေးတဲ့ကဗျာ
ချစ်သူဟာ နေ့ဆိုရင်
ကောင်းကင်ပြာဟာ ကျမပေါ့
ချစ်သူသာ ကောင်းကင်ပြာဆိုရင် ကျမဟာ ပျံသန်းနိုင်တဲ့ငှက်ကလေးဖြစ်ပါရစေ ..
အချိန်ရှိတိုင်း သူ့ဆီသွားလို့ တွေ့ဆုံနိုင်ခွင့်ကိုကြိုးစားနေမယ်
ချစ်သူဟာ ညဆိုရင်
လမင်းဟာ ကျမပေါ့
ချစ်သူသာ လမင်းဆိုရင် ကျမသူ့အနားက ကြယ်လေးတစ်ပွင့်ပဲဖြစ်ပါရစေ ..
ပေါင်းစပ်ခွင့်မရနိုင်လဲ မနီးမဝေးက လှမ်းမျှော်ကြည့်ရင်း သူ့ရဲ့အထီးကျန်ခြင်းကို အဖော်ပြုပေးချင်တယ် ..
ချစ်သူဟာ ကျမရဲ့ဘ၀ဆိုရင်
ရှင်သန်သူလူသားက ကျမပေါ့
ချစ်သူရေ.. အသက်ရှင်လျှက်နှင့် ဘ၀သေဆုံးသူတစ်ယောက် ကျမ မဖြစ်ပါရစေနဲ့…
အဆိုးအကောင်း မျှဝေခံစားလို့ နှစ်ယောက်တစ်ဘ၀ ထူထောင် သက်ဆုံးတိုင် မြတ်နိုးသွားချင်တယ်
အချစ်ဆိုတာ ပေးဆပ်မှုဆိုရင်
ချစ်ရသူ ပျော်ရွင်နိုင်ဖို့အတွက် အရာရာပေးဆပ်နိုင်တဲ့သူဟာ ကျမဖြစ်ပါရစေ ..
အချစ်ဆိုတာ ရင်ခုန်တတ်မှုဆိုရင်
သူရဲ့ရင်ခုန်သံစည်းချက်တိုင်းဟာ ကျမသာဖြစ်ခွင့်ရ ရပါစေ . .
အချစ်ဆိုတာ ဖောက်ပြန်တတ်တယ်ဆိုရင်
ချစ်၇သူအား ကျမရဲ့ သစ္စာတရားများနဲ့ ထိန်းချုပ်လို့ထားမယ် . .
အချစ်ဆိုတာ နားလည်မှုရှိရမယ်ဆိုရင်
ကျမတို့နှစ်ယောက်ကြား ခိုင်မြဲတဲ့နားလည်မှုတံတားတွေကို အပြန်အလှန်တည်ဆောက်ထားကြမယ် ..
အချစ်စစ်ရဲ့လမ်းဟာ မဖြောင့်တန်းနိုင်ဘူးဆိုရင်
ချစ်ရသူ သူနဲ့ကျမ . . .
တစ်ယောက်လက်ကိုတစ်ယောက် မြဲမြဲဆွဲကိုင်လို့
အပြုံးမပျက် အတူယှဉ်လျက် ကျော်ဖြတ်လို့သွားမယ် . .
အချစ်ဆိုတာ နှလုံးသားနှစ်ခု ပေါင်းစပ်မှုဆိုရင်
ချစ်ရသူ သူနဲ့ကျမ . .
လက်ရှိကြုံတွေ့နေရတဲ့ အလွမ်းမိုင်တိုင်များကို ရဲရဲရင်ဆိုင်လို့
နှစ်ယောက်ပေါင်းဖက်နိုင်ဖို့ ကြိုးစားကြမယ် . .
ချစ်သူရေ . .အားလျော့ဖို့မစဉ်းစားလိုက်ပါနဲ့
တို့နှစ်ယောက် အတူရှိနေနိုင်တဲ့အချိန်တွေမှာ
တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေမပေးဘဲ
အတတ်နိုင်ဆုံး ၊ အပျော်ရွှင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်
ကြိုးစား နေထိုင်သွားကြမယ်နော် . .။
Yamone
(May 16 2012)
ပန်းရတုကဗျာပြိုင်ပွဲမှာ ၀င်ပြိုင်ထားတဲ့ကဗျာလေးပါ ..
https://www.facebook.com/photo.php?fbid=237281386377093&set=a.233874890051076.45198.132543830184183&type=1
Comment #3
professional kya par tal ama
By: loafer at May 31, 2012
Comment #5
အစ်မ အဲ့ ဒီပြိုင်ပွဲမှာကဘယ်လိုဝင်ပြိုင်ပြီး
ဘယ်လိုပို့ ပေးရမှာလဲ အစ်မ
ကျေးဇူးပြုပြီးပြောပြပေးပါအစ်မ
By: loafer at May 31, 2012
Comment #7
thz ma yamone
By: loafer at Jun 6, 2012
Comment #8
super likeeeeeeeeee
By: ei lay at Jun 6, 2012




Comment #1
so cute.
really lovely.
super like.