Professional Authors

Side effect

တောင်တန်းကြီးတွေ
တိမ်တိုက်ကြီးတွေ
သူ့အဓိပါယ်နဲ့ သူ လှနေရဲ့လေ
မြေနဲ့ရေ
လေနဲ့ သဘာဝ
သဟဇာတ
ဖြစ်ပါစေ
ခံစားရတဲ့
အလှ တွေဟာ
သဘာဝပဲဖြစ်စေချင်
သဘာဝကို လွန်ကဲ
အရုပ်ဆိုးစေရင်
မင်းအပြစ်ပဲ
ုဖြစ်လိမ့်မယ်လေ……..
တောင်တွေကိုဖျက်
လမ်းတွေဖောက်
တောင်တွေငိုကြလေရဲ့
မြစ်တွေကိုဖြတ်
တံတား ဆောက်
သောင်တွေထွန်းကြလေရဲ့
အဖြစ်အပျက်တွေရဲ့
နောက်မှာ ဆိုးကျိုးဆိုတဲ့
ဓါးတချောင်းက
အမြဲ ပုန်းကွယ်လာတတ်တယ်လေ….
လှတဲ့ မြစ်တွေ
လှတဲ့တောင်တွေ
ဒါတွေဟာ
သဘာဝတွေ
သဘာဝတွေကို
မလိုအပ်ရင်
မဖျက်ဆီးဖို့
သင်တားဆီးပါ
သဘာဝကြီးကို
ကာကွယ်ဖို့သင်
သစ်ပင်စိုက်ပါ
သဘာဝကို
ကာကွယ်ပါက
သင့်သားသင့်မြေး
သင်မျိုးဆက်
သင်ကိုယ်တိုင်နဲ့
သင်ချစ်တဲ့သူတွေကို
ကာကွယ်ပြီးသားပါ……………။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

ta bar wa har ta bar wa par…
a yaung tway ma soe pay kha par ne.
d a tine yoe yoe lay pe shi par say.

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment