Professional Authors

အဆိပ်သင့် ကြာနွယ် – နရီထက်

နေရောင်ကိုဆာလောင်ပါမှ
ရင်ဘတ်ကွဲလျက် ပူလောင်တယ်
လေညှင်းအဆော့ မျှော်ခါမှ
ကန်ရေပြင်က တည်ငြိမ်သလိုနှင့်ရယ်
မြင့်ချင်ကာမှ သည်နွံ့တွေက
ထိုးထွက်နက်နဲလွန်းတယ်…

လှပခြင်းကို မြတ်နိုးကာမှ
ကြာရွက်တွေလယ် တေးသီဌက်တွေ မလာတာကြာပေါ့
တင့်တယ်ခြင်းကို ပြသကာမှ
ရေသောက်ဆင်းတဲ့ ရွှေသမင်တွေ အလာကျဲလှပေါ့
လရောင်ကို ဆမ်းသောက်ချင်တော့
တိမ်မည်းတွေက ဖုံးလှချည်လား…

မိုးခြိမ်းသံကို မျှော်ခဲ့ဖူးတယ်
မိုးရေထဲလည်း ပျော်ခဲ့ဖူးတယ်
ဥုံ-အင်း.. ဖားကလေးတွေ ခုန်ဆွသံလည်း ကြားခဲ့ဖူးတယ်
ကြာရွက်ပေါ် ရေစက်ကလေးတွေ ပြေးလွှားမြူးရစ် ကြုံခဲ့ဖူးတယ်
အခုတော့လည်း နေခြည်နွေးနွေးမျှော်ခဲ့ဖူးတယ်

ခမ်းရေပြင် သည်နွံ့ထဲ
နေ့ရက်တွေက ရက်စက်စရာ
ရင်ထဲဝယ် မတွေးလောက်တယ်
ငါလေ… ပက်ကြားကွက်တွေကို အိမ်မက်မက်နေတယ်
ခြောက်သွေ့လာရင်ဖြင့် ကြာစွယ်တွေ ခွေလိမ့်ရပြီး
သည်တစ်နွေရယ်…

သဘာဝတရားကို အပြစ်မမြင်
ဆက်နွယ်မှုကို ဝေဖန်ချင်တော့
ဇွတ်အတင်းကာ မှတ်ယူလိုက်တယ်
ကန်ရေပြင်ရယ်…
အဆိပ်မိလေသလား…

သည်နွံ့ထဲ
ပက်ကြားကွက်တွေကို ငါ အိမ်မက်မက်နေတယ်…။     ။

နရီထက်
( ၁၈ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

ဒိ ကဗျာကို ဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက မိုးရာသိတွေ ကိုသတိရမိတယ် ကျောင်တက်တုန်း မိုးတွင်း ဘက်တွေကို သတိသွားရတယ် သိလား။နေရောင်ကိုဆာလောင်ပါမှ
ရင်ဘတ်ကွဲလျက် ပူလောင်တယ်
လေညှင်းအဆော့ မျှော်ခါမှ
ကန်ရေပြင်က တည်ငြိမ်သလိုနှင့်ရယ်
မြင့်ချင်ကာမှ သည်နွံ့တွေက
ထိုးထွက်နက်နဲလွန်းတယ်…

လှပခြင်းကို မြတ်နိုးကာမှ
ကြာရွက်တွေလယ် တေးသီဌက်တွေ မလာတာကြာပေါ့
တင့်တယ်ခြင်းကို ပြသကာမှ
ရေသောက်ဆင်းတဲ့ ရွှေသမင်တွေ အလာကျဲလှပေါ့
လရောင်ကို ဆမ်းသောက်ချင်တော့
တိမ်မည်းတွေက ဖုံးလှချည်လား…

မိုးခြိမ်းသံကို မျှော်ခဲ့ဖူးတယ်
မိုးရေထဲလည်း ပျော်ခဲ့ဖူးတယ်
ဥုံ-အင်း.. ဖားကလေးတွေ ခုန်ဆွသံလည်း ကြားခဲ့ဖူးတယ်
ကြာရွက်ပေါ် ရေစက်ကလေးတွေ ပြေးလွှားမြူးရစ် ကြုံခဲ့ဖူးတယ်
အခုတော့လည်း နေခြည်နွေးနွေးမျှော်ခဲ့ဖူးတယ်သည်နွံ့ထဲ
ပက်ကြားကွက်တွေကို ငါ အိမ်မက်မက်နေတယ်…။ အင်းအဲ့ အပှဒ်လေးတွေ ကို ပိုကြိုက်တယ်…

commentinfo By: thuya at Jul 18, 2011
Comment #2

လှပခြင်းကို မြတ်နိုးကာမှ
ကြာရွက်တွေလယ် တေးသီဌက်တွေ မလာတာကြာပေါ့
တင့်တယ်ခြင်းကို ပြသကာမှ
ရေသောက်ဆင်းတဲ့ ရွှေသမင်တွေ အလာကျဲလှပေါ့
လရောင်ကို ဆမ်းသောက်ချင်တော့
တိမ်မည်းတွေက ဖုံးလှချည်လား…

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #3

နေရောင်ကိုဆာလောင်ပါမှ
ရင်ဘတ်ကွဲလျက် ပူလောင်တယ်
လေညှင်းအဆော့ မျှော်ခါမှ
ကန်ရေပြင်က တည်ငြိမ်သလိုနှင့်ရယ်
မြင့်ချင်ကာမှ သည်နွံ့တွေက
ထိုးထွက်နက်နဲလွန်းတယ်…

လှပခြင်းကို မြတ်နိုးကာမှ
ကြာရွက်တွေလယ် တေးသီဌက်တွေ မလာတာကြာပေါ့
တင့်တယ်ခြင်းကို ပြသကာမှ
ရေသောက်ဆင်းတဲ့ ရွှေသမင်တွေ အလာကျဲလှပေါ့
လရောင်ကို ဆမ်းသောက်ချင်တော့
တိမ်မည်းတွေက ဖုံးလှချည်လား…
အရမ်းကိုကောင်းတယ်အကိုကြီးးးးး

commentinfo By: myintmo at Jul 18, 2011
Comment #4

သဘာဝတရားကို အပြစ်မမြင်
ဆက်နွယ်မှုကို ဝေဖန်ချင်တော့
ဇွတ်အတင်းကာ မှတ်ယူလိုက်တယ်
ကန်ရေပြင်ရယ်…
အဆိပ်မိလေသလား…

သည်နွံ့ထဲ
ပက်ကြားကွက်တွေကို ငါ အိမ်မက်မက်နေတယ

commentinfo By: May Kha at Jul 18, 2011
Comment #5

အားပေးနေတယ် ကိုနရီထက်….။

Comment #6

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးပါ…

commentinfo By: Nayihtet at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment