“ချစ်နေဆဲ”
နင်မရှိတော့တဲ့ ငါ့ကမ္ဘာက ခြောက်သွေ့လွန်းတယ်
အသားမကျသေးတဲ့ ငါ့နေ့ရက်တွေကို
ကပေါက်တိ ကပေါက်ချာ ဖြတ်သန်းနေတုန်းပဲ
ရေးမိနေတဲ့ကဗျာတိုင်းကလည်း
အလွမ်းတွေဖက်တွယ်လို့
နားထောင်မိတဲ့ သံစဉ်တစ်ချို့ကလည်း
အသည်းကွဲညည်းချင်းတွေပါလား…
ငါ့ရဲ့ ခြောက်သွေ့တဲ့ အခန်းကျဉ်းထဲ
မှောင်မှိုက်ခြင်းတွေ ကြီးစိုးလာတယ်….
ငါ့ရဲ့ စိတ်မုန်တိုင်းလည်း သံသယတွေက
ရိုက်ခတ်နေဆဲပဲ…..
ပိုးစုန်းကြူးသာသာ မျှော်လင့်ခြင်းကတော့
တလက်လက် တောက်ပချင်နေဆဲ….
ငါ့အသိစိတ်တွေ မီးတောက်လာတယ်….
ငါ့နှုတ်ခမ်းတွေ ခြောက်သွေ့လာတယ်….
ငါ့အပြုအမူတွေ ကြမ်းတမ်းလာတယ်….
ငါ့မျက်ဝန်းတွေ ရီဝေလာတယ်….
ငါ့အသိစိတ်တွေ မှောင်ကျသွားတယ်…
ငါထိတ်လန့်စွာနဲ့ သိလိုက်တယ်……
ငါ………
……………
………………
ငါမင်းကို ချစ်နေဆဲပါလား….
Comment #3
so nice.
meaningful and strong feeling with excited words.
                        By: ei lay at Dec 10, 2011
                    Comment #4
chit de
                        By: ei lay at Jan 14, 2012
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
Huuu! Yin puu lar tal byar…….