Professional Authors

ကိုယ်ပျောက်…. – နရီထက်

အရှုံးဆိုတာ အပြုံးမဟုတ်ပေမဲ့
နှစ်သိမ့်ခြင်းမျက်လုံးတွေက
ဟန်ဆောင်ခြင်းမာယာနှင့်
အပြုံးတွေကို နှိပ်စက်ထားကြတယ်လေး
ဒဏ်နာဟောင်းလို့ပဲ…
တစ်ချက်ချက်တော့…
ဒေါသတွေက အပေါ်စီးရသေးတယ်

သတိရခြင်းကို မေ့ပျောက်ဖို့
အန်ကျလာတဲ့ စကားလုံးတွေကို
မြစ်ရေထဲ မျောချကြည့်တယ်
ရေပြင်ထက်မှာ ပေါနေစဲရယ်
နှစ်ကျအနည်ထိုင်ချင်ပေမဲ့
သေမဆုံးချင်တဲ့ မေ့မရခြင်းတွေက
လေလွင့်ရာ လွင့်ပါနေစဲရယ်

လွမ်းဆွေးခြင်းတွေကို ယုယဖို့
ပုခက်လေးတစ်ခု လွဲပေးနေတယ်
အတ္တဆိုတဲ့ ခြုံထည်လွှာကြားမှာ
ကြင်နာခြင်း အထိမ်းအမှတ်နဲ့
အတ္တတွေကို ထိန်းကျောင်းနေခဲ့တယ်
ငိုကြည်းသံတွေက ပူဆွေးရတယ်
ရယ်မောသံတွေက လှောင်သံတွေလား
အသက်ရှုသံတွေ မြန်မြန် အရွယ်ရောက်စေချင်ပြီး

ရူးသွပ်ခြင်းတွေက လှည့်စားလာသလိုပဲ…
မြေနီလမ်းက စောင့်နေဆိုလို့
ပန်းကတ္တီပါတွေ ခင်းနေတုန်းရယ်
နေခြည်နွေးနွေးလိုချင်တယ်ဆိုလို့
နေပူခံနေတုန်းရယ်
လရောင်အောက်မှာ မှေးစက်ပါဆိုလို့
ကြယ်ကြွေတွေက စိတ်ကစားနေတုန်းရယ်

ဆောင်းလေမဟုတ်တဲ့
မျှော်လင့်ခြင်း နှင်းကြွေကြားမှာ
ငါ ခြံစည်းရိုးခတ်ထားတယ်
ငါ့ စိတ်အလျင်တွေထဲမှာ
နှင်းဖတ်တွေက ငါ့အိမ်ခေါင်းမိုးပေါ်မှာ
ပြန့်ကျဲနေလို့ရယ်
စိတ်ညစ်ဖို့ အကောင်းသာလို့
ငါ မစွပ်စွဲချင်ဘူး
နေခဲ့တော့လို့လည်း
ငါ ဧည့်ဝတ်မပြုချင်ဘူး
နောက်ဆုံးတော့လည်း
သူတို့တွေကို ပစ်လွင့်မချင်ဘူးလေး
ဆက် ဆွေးနေပါရစေ…

တည်ငြိမ်နေတဲ့ ရေသွင်ပြင်က
ချောက်ချားစရာ အကောင်းသာ…
မာယာရှင် နတ်သမီးများ ပေါ်လာလေမလား
ပစ်လွင့်လိုက်တဲ့ ခဲသံတွေကြား
ဂယက်ကလွဲ ဘာသံတွေများ
နင် ထပ်ကြားချင်သေးလို့လဲ…
ကုစားမပေးချင်တဲ့ နှလုံးသားက
ယဉ်ယဉ်လေး ရူးနေကြတာ
အကောင်းဆုံးမဟုတ်လား….။     ။

နရီထက်
( ၁၇ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1

“ကုစားမပေးချင်တဲ့ နှလုံးသားက
ယဉ်ယဉ်လေး ရူးနေကြတာ
အကောင်းဆုံးမဟုတ်လား….။ ။´´

………. ဆက်သာရူးပေတော့ဗျို့ ………….. အားပေးနေလျက်

commentinfo By: linlatarkar at Aug 17, 2011
Comment #2

ကိုနရီထက်..တပုဒ်လုံးကိုကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Aug 17, 2011
Comment #3

ကောင်တယ်ဗျာ အရမ်းကိုကြိုက်တယ်

commentinfo By: HEROSMITH at Aug 17, 2011
Comment #4

ကိုနရီထက် ကောင်းတယ်ဗျာ..
အားပေးသွားတယ်

Comment #5

ကုစားမပေးချင်တဲ့ နှလုံးသားက
ယဉ်ယဉ်လေး ရူးနေကြတာ
အကောင်းဆုံးမဟုတ်လား….။

commentinfo By: May Kha at Aug 17, 2011
Comment #6

ဘယ်အပိုဒ်ပြောရမှန်းတောင်မသိတော့ဘူး
တပုဒ်လုံးကောင်းတယ်..အကိုကြီးရေရရရရရရ

commentinfo By: myintmo at Aug 17, 2011
Comment #7

ကောင်းပါတယ်ခင်ဗျာ … ။

commentinfo By: chityellusoelay at Aug 18, 2011
Comment #8

တိရခြင်းကို မေ့ပျောက်ဖို့
အန်ကျလာတဲ့ စကားလုံးတွေကို
မြစ်ရေထဲ မျောချကြည့်တယ်
ရေပြင်ထက်မှာ ပေါနေစဲရယ်
နှစ်ကျအနည်ထိုင်ချင်ပေမဲ့
သေမဆုံးချင်တဲ့ မေ့မရခြင်းတွေက
လေလွင့်ရာ လွင့်ပါနေစဲရယ်

လွမ်းဆွေးခြင်းတွေကို ယုယဖို့
ပုခက်လေးတစ်ခု လွဲပေးနေတယ်
အတ္တဆိုတဲ့ ခြုံထည်လွှာကြားမှာ
ကြင်နာခြင်း အထိမ်းအမှတ်နဲ့
အတ္တတွေကို ထိန်းကျောင်းနေခဲ့တယ်
ငိုကြည်းသံတွေက ပူဆွေးရတယ်
ရယ်မောသံတွေက လှောင်သံတွေလား
အသက်ရှုသံတွေ မြန်မြန် အရွယ်ရောက်စေချင်ပြီး

ရူးသွပ်ခြင်းတွေက လှည့်စားလာသလိုပဲ…
မြေနီလမ်းက စောင့်နေဆိုလို့
ပန်းကတ္တီပါတွေ ခင်းနေတုန်းရယ်
နေခြည်နွေးနွေးလိုချင်တယ်ဆိုလို့
နေပူခံနေတုန်းရယ်
လရောင်အောက်မှာ မှေးစက်ပါဆိုလို့
ကြယ်ကြွေတွေက စိတ်ကစားနေတုန်းရယ် ….ဒိအပှဒ်တွေကြိုက်တယ်

commentinfo By: thuya at Aug 20, 2011
Comment #9

တိရခြင်းကို မေ့ပျောက်ဖို့
အန်ကျလာတဲ့ စကားလုံးတွေကို
မြစ်ရေထဲ မျောချကြည့်တယ်
ရေပြင်ထက်မှာ ပေါနေစဲရယ်
နှစ်ကျအနည်ထိုင်ချင်ပေမဲ့
သေမဆုံးချင်တဲ့ မေ့မရခြင်းတွေက
လေလွင့်ရာ လွင့်ပါနေစဲရယ်

လွမ်းဆွေးခြင်းတွေကို ယုယဖို့
ပုခက်လေးတစ်ခု လွဲပေးနေတယ်
အတ္တဆိုတဲ့ ခြုံထည်လွှာကြားမှာ
ကြင်နာခြင်း အထိမ်းအမှတ်နဲ့
အတ္တတွေကို ထိန်းကျောင်းနေခဲ့တယ်
ငိုကြည်းသံတွေက ပူဆွေးရတယ်
ရယ်မောသံတွေက လှောင်သံတွေလား
အသက်ရှုသံတွေ မြန်မြန် အရွယ်ရောက်စေချင်ပြီး

ရူးသွပ်ခြင်းတွေက လှည့်စားလာသလိုပဲ…
မြေနီလမ်းက စောင့်နေဆိုလို့
ပန်းကတ္တီပါတွေ ခင်းနေတုန်းရယ်
နေခြည်နွေးနွေးလိုချင်တယ်ဆိုလို့
နေပူခံနေတုန်းရယ်
လရောင်အောက်မှာ မှေးစက်ပါဆိုလို့
ကြယ်ကြွေတွေက စိတ်ကစားနေတုန်းရယ် ….ဒိအပှဒ်လေးတွေကြိုက်တယ်…ပိးတော့ ရေးထားတာကောင်းတယ်နော်..အတွေးအခေါ်ကောဘာကော အကုန်ကြိုက်တယ်

commentinfo By: thuya at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment