Professional Authors

ကျမဒီနေ့ကံမကောင်းပါ…(၁)။

“မနက်၇နာရီထိုးပီ ထတော့” ဆိုတဲ့ ကျမမေမေရဲ့မနက်နှုတ်ဆက်တေးနဲ့ ကျမမျက်လုံးပွင့်လာခဲ့တယ်..။ ထုံးစံအတိုင်း ဟိုဘက်ဒီဘက်လှိမ့်တာက ၁၀ မိနစ်..ပီးမှမထချင်ထချင်နဲ့ ခေါက်ရိုးကျိုးအလုပ်တွေ လုပ်ဖို့ထလိုက်ပါတယ်.။ အမှန်တော့ ရုံးတက်ချိန်က ၉ နာရီပါ..။ ၉ နာရီ ၁၀ မိနစ်လောက်မှ အမြဲတမ်းလိုလို ရုံးရောက်လေ့ရှိပါတယ်..။ ကျမရဲ့ အိမ်က ထွက် ချိန်က ၈ နာရီ ပါ။ ဒါမဲ့ အမြဲ ၈ နာရီ ၁၅ မိနစ်လောက်ကတော့ အသာလေးပဲနောက်ကျလေ့ရှိပါတယ်..။ အိမ်ကထွက်တိုင်း တစ်ခုမဟုတ်တစ်ခုမေ့ကျန်တာကလဲ ပုံမှန်ပါဘဲ..။ ဒီနေ့တော့လောလော..လောလောနဲ့ထွက်လာတာ ဘုရားမရှိခိုးခဲ့ရပါဘူး။ ကျမမေမေကျေးဇူးနဲ့ မနက်အိမ်က မထွက်ခင် ဘုရားရှစ်ခိုးတဲ့ အကျင့်ကောင်းလေးတစ်ခုတော့ ရထားပါတယ်..။ ဒါတောင်ဒီနေ့မေ့ပီး ဘုရားမရှိခိုး ခဲ့ရပါဘူး..။ဒီလိုနဲ့ ဘတ်စ်ကားလာလို့ ကားပေါ်တက်ထိုင်ပီး စီးလာလိုက်တာကိုယ်ဆင်းရမဲ့ မှတ်တိုင်ကိုရောက်ဘို့ တစ်မှတ်တိုင်ဘဲ လိုပါတော့တယ်..။ ဒါနဲ့ထုံးစံအတိုင်းမှတ်တိုင် မရောက်ခင်ကြိုထထား လိုက်ပါတယ် ဖြစ်ချင်တော့ မရောက်ခင်တစ်မှတ်တိုင်မှာ စပါယ်ယာကလူတင်ပါတယ်..ဒါနဲ့ကိုယ်လဲဘေးကပ်ပီးရပ်ပေးလိုက် ပါတယ်..။ အဲဒီအချိန်မှာဘဲ တက်လာတဲ့ခရီးသည်တွေထဲမှာခပ်ဝဝလူကြီးတစ်ယောက်လဲပါပါတယ်.ကျမလဲ သူတို့တက်လာတာကို ကြည့်နေတာပါ..။ အဲဒီမှာမမျှော်လင့်ဘဲ အဲလူကြီးလက်ကကျမခေါင်းပေါ်ကတန်းကို လှမ်းအကိုင်မှာ ကျမမျက်နှာကို ရိုက်ချလိုက်သလိုဖြစ်သွားပါတယ်..အရိုက်ခံရတဲ့အရှိန်နဲ့ လူလဲမိုက်ခနဲ ဖြစ်သွားပါတယ်..။ အဆိုးဆုံးကတော့ ကျမ မျက်မှန် ကျွတ်ထွက်ပြီး ကျိုးသွားတာပါ..မျက်မှန်ကိုင်းကလဲ အရင်းကနေကျိုးပြီး မျက်လုံးနားတဝိုက်မှာဆူးသွားပါတယ်..။ ကျမအဲလိုတေဖြစ်နေတဲ့အချိန်မှာ ဦးလေးကြီး ကတော့ကား နောက်ပိုင်းကိုတိုးပီးဘယ်ရောက်သွားမှန်းတောင်မသိပါဘူး…။ကျမမှာတော့ ကျိုးသွားတဲ့မျက်မှန် ကိုင်းနဲ့ မျက်မှန်ကိုင်းကျိုးဆူးနဲ့ မျက်နှာကိုထိုးမိတာနဲ့ ကိုယ့်ဟာကိုပြာယာခတ်နေလို့ ဦးလေးကြီးကိုတောင် စွာဖို့အချိန်မရှိပါဘူး..။ဦးလေးကြီးကလဲ သမီးဘာဖြစ်သွားလဲ ဆိုတဲ့ မေးခွန်းလေးတောင်မမေးပါဘူး။ ကျမလဲဒေါသထွက်ပေမဲ့ ဘာမှမမြင်ရတဲ့အခါကျတော့ ..ကားပေါ်မှာလူကလဲအများကြီးဆိုတော့ ဘာမှပြောချိန်တောင်မရ ပါဘူး..။ အဲထက်ဆိုးတာက ဆင်းရမဲ့မှတ်တိုင်ရောက်ရင် ဘယ်လိုဆင်းမလဲ ..ဘာမှမမြင်ရတော့တဲ့အခြေနေမှာပြုတ်ကျရင် ဘယ်လိုလုပ်မလဲဆိုပီး ကိုယ့်အာရုံနဲ့ကိုယ်..ဗျာများနေပါတယ် ကံကောင်းချင်တော့မှတ်တိုင်ရောက်လို့ဆင်းတော့စပါယ်ယာ က ကားကိုအကြာကြီးရပ်ပေးပါတယ်..။ ကားပေါ်ကဆင်းပီးပီးခြင်း ကျမအဲဒီနေရာမှာဘဲဆက်ရပ်နေမိတယ် ဘာလုပ်ရင် ကောင်းမလဲပေါ့..ခဏစဉ်းစား လိုက်တယ် အလုပ်သွားဖို့ကတော့ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး ကျမတစ်ယောက်တည်း မျက်မှန်မပါဘဲ နဲ့ပေါ့ ဒီနေရာမှာကျမအကြောင်းနဲနဲပြောချင်ပါတယ်..ကျမကမျက်မှန်ကိုအသက်လိုတန်ဖိုးထားပါတယ်.. မျက်မှန်မရှိရင်ဘာမှကိုမမြင်ရတော့လို့ပါ..။ မျက်မှန်နဲ့ပက်သက်ပီးလဲကျမဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးပါဘူး..။ အမြဲတမ်းလိုင်းကားစီးရင်လဲ နေရာ မရချင်နေပါစေ အတင်းတိုးပီး မတက်ပါဘူး…ကိုယ်ကမျက်မှန်သမား ဆိုတော့.. အတင်းတိုးမိရင်စောနကလို အဖြစ်မျိုးတွေနဲ့ ကြုံမှာဆိုးလို့ပါ။ ဒီတစ်ခါတော့ကံကိုကဆိုးချင်လို့နဲ့ တူပါရဲ့..။ စောနကအကြောင်းကိုပြန်ဆက်ပါမယ်..။ ကျမတစ်ယောက် တည်းမျက်မှန်မပါဘဲ ဘယ်လိုမှ အလုပ်ကိုလမ်းလျှောက်သွားဖို့ဆိုတာအဆင်မပြေပါဘူး..။ ရုံးနဲ့ကားမှတ်တိုင်ကလဲလမ်း လျှောက်ရင်အနဲဆုံး ၁၀မိနစ်လောက်ကြာပါတယ်..ဒါနဲ့ပထမဆုံးရုံးကိုဖုန်းဆက်အကျိုးအကြောင်းပြောပီးဒီနေ့ရုံးမတက်ဘူးဆိုတဲ့အကြောင်း ခွင့်တိုင်လိုက် ပါတယ်။ ပြီးတော့ အိမ်ပြန်ဖို့ကားတားကြည့်ပါတယ်..။ တက္ကစီတွေကလဲ တစ်စီးမှမရပ်ပေး ပါဘူး..။ နောက်ကြတော့ ကိုယ့်ဟာကိုယ်ပြန်စဉ်းစားတယ်..။ မဖြစ်သေးဘူးပေါ့..ကားငှားရတာလဲ အဆင်မပြေဘူး..။နောက်တော့အိမ်ပဲဖုန်းဆက်ပီး လာခေါ်ခိုင်းမယ်ဆိုပီး ဖုန်းနှိပ်တော့.ဖုန်းကမအားပြန်ဘူး…။ ဟူးးးးးးးးးးးးး ကျမတော်တော် စိတ်ပျက်လာပါတယ်..။ အဲဒါနဲ့ကားမှတ်တိုင်မှာဘဲငုတ်တုတ်ထိုင်နေမိပါတယ်..။ မိနစ် ၂၀ လောက်ကြာတော့ ရုံးမှာအလုပ် တူတူလုပ်တဲ့ ညီမလေးတစ်ယောက်ဘတ်စ်ပေါ်ကဆင်းလာပါ တယ်။ ကျမကတွေ့လို့တော့မဟုတ်ပါဘူး။ သူလာခေါ်လို့မြင် တာပါ..။ သူ့အသံကြားရတော့ တော်တော်လေး အားတက်မိပါတယ်..။ အဲညီမလေးကအစ်မမျက်မှန်ကြီးချွတ်ပီးဘာလုပ်နေ တာလဲတဲ့.. ဒါနဲ့ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီး ကားငှားပေးဖို့အကူညီတောင်းရပါတယ်..။ သူနဲ့ကျမကားတားတော့လဲတစ်စီး မှရပ်မပေးပါဘူး..။ ဒါနဲ့အဲညီမလေးကဘဲ အစ်မအိမ်ပြန်မနေနဲ့..အိမ်ပြန်လဲအစ်မမျက်မှန်မပါဘဲ တစ်ယောက်တည်းဆိုရင် တက္ကစီ နဲ့အဆင်ပြေမှာမဟုတ်ဘူးတဲ့..ဒါနဲ့ရုံးကိုသူနဲ့အတူလမ်းလျှောက်ပီး ပါသွားပါတယ်..။ အဲဒီနေ့က ကျမရုံးတက်ဖြစ် ပါတယ်.။ ကျိုးသွားတဲ့ မျက်မှန်ကိုင်းကိုတော့ super glue နဲ့ပြန်ကပ်ပီးတပ် ကြည့်တော့ အဆင်ပြေပါတယ်..။ ရုံးရောက် တော့ဆူးမိတဲ့ နေရာကိုဆေးထည့်ရပါတယ်..မျက်လုံးမဆူးမိဘဲမျက်လုံးနား တဝိုက်ဆူးမိတာကိုဘဲ ကျေးဇူးတင်ရမလိုဖြစ် နေပါတယ်…။ အင်း..ဒီနေ့ ကျမတော်တော်ကံမကောင်းပါဘူး..။ တစ်နေ့ လုံးလဲအဆင်မပြေပါဘူး…..။ ကျမနဲ့တိုက်မိတဲ့ ဦးလေးကြီးကတော့ သူလုပ်လိုက်မိတယ်လို့တောင် ထင်ပုံမရပါဘူး..။ အင်းးး ကျမ ဒီနေ့ကံဆိုးတာ ဘုရားရှိခိုးဖို့ မေ့ခဲ့ လို့နဲ့တူပါရဲ့…။ ရွှေငါး

In: ဆောင်းပါး Posted By: Date: Apr 26, 2011
Comment #1

ေ၇ွှငါး….အဖြစ်ပျက်က…၇ယ်စ၇ာလည်း ကောင်းတယ် စိတ်ညစ်ဖို့လည်း ကောင်းတယ်..
နောက်နေ့ ဘု၇ားသေချာ၇ှိခိုး…

commentinfo By: genius.jinx28 at Apr 26, 2011
Comment #2

အားပေးသွားတယ် မရွှေငါး
ဆောင်းပါးရေးတာ အခုမှတွေ့တယ်နော်။
အားပေးနေတယ် ဆောင်းပါးတွေဆို အ၇မ်းကြိုက်၏

commentinfo By: မယ်မနော at Apr 27, 2011
Comment #3

genius @ ဟုတ်..ဘုရားသေချာရှိခိုးပါ့မယ်ရှင့်..:D
မယ်မနော @ ဟုတ်တယ်..မယ်မနောရဲ့…ကျမလဲဆောင်းပါးတွေကိုပိုကြီုက်ပီး..
ဆောင်းပါးရေးရတာလဲနှစ်သက်တယ်လေ..အားပေးလို့ကျေးဇူးပါရှင့်.. 🙂

commentinfo By: ရွှေငါး at Apr 27, 2011
Comment #4

တစ်ကယ်တော့ ဘုရားပဲ ကယ်နိုင်တာပါ…ဒါပေမယ့် ဘုရားက သူဆီလာတဲ့ သူပဲ ကယ်တယ်
သှူ့ဆီ မလာတဲ့ သူဆို မကယ်နိုင်ဘူး…… သူဆီ နေ့တိုင်းသွားပါ…..

commentinfo By: nate thit(နေ့သစ်) at Apr 27, 2011
Comment #5

ဟုတ်ပါပီ..ဘုရားမှာသူမသိပါစေလို့ပါဆုတောင်းပေးခဲ့မယ်ဟေ့..ကိုနေ့သစ်.. 😀

commentinfo By: Shwe Ngar at Apr 27, 2011
Comment #6

ဒီနေ့ ကံမကောင်းတာ
ဘုရား မရှိခိုးလို့တော့ မဟုတ်ပါဘူးနော်
ဝဋ်ကြွေး တွေလေ ရွှေငါးရဲ့ … ။

တော်သေးတာပေါ့ …
ဒီလောက်နဲ့ ပြီးသွားလို့
စဖတ်ကတည်းက စိတ်ပူနေတာ
ဆုံးသွားတော့မှပဲ စိတ်အေးသွားတယ် … ။

Comment #7

ကျေးဇူးတင်ပါတယ်…ကိုလူမော်ငြိမ်း

commentinfo By: ရွှေငါး at Apr 30, 2011
Comment #8

အင်း မရွှေငါး ရေ
ဒီစာကိုနောက်တစ်ခေါက်ပြန်ဖက်မိမှ
မရိုးသားမှူ့တွေပါနေတယ်လို့ထင်တယ်
ကျွန်တော်လည်း မျက်မှန်သမားတစ်ယောက်ပါ
အဲ့ဒီအပိုင်းလေးကိုပြေချင်ပါ…….
ဒါပေမယ့်….မှားရင်လည်း မှားပေမပေါ့….

commentinfo By: nate thit(နေ့သစ်) at May 1, 2011
Comment #9

အင်း..ကျမဘာများမရိုးသားမိပါလိမ့်.. 😛

commentinfo By: ရွှေငါး at May 2, 2011
Comment #10

ကျမဒီနေ့ကံမကောင်းပါ…။ တဲ့
ဟုတ်မယ်နော်…..
ဘုရားမရှိခိုးတဲ့ရက်တွေဆိုရင်
တစ်ခုခုကတော့ အမြဲအဆင်မပြေတော့ဘူး

commentinfo By: ကေသရီ at May 2, 2011
Comment #11

ဟုတ်တယ်ကေသရီရေ…ဘုရားမရှိခိုးတဲ့နေ့ဆို စိတ်ကိုကမကြည်လင်ဘူးလေ

commentinfo By: ရွှေငါး at May 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment