Professional Authors

နာ ရီ

အ ချိန်ဆိုတာ လူတိုင်း အတွက် အရေး ပါလို့ နာ ရီ က မရှိမဖြစ် ဆိုပဲ။

ပီ နာရီ မကြိုက်ပါ။ လက်တွင် ပတ်ထား ရတာ လေး လို့ ပီ မဝတ်ပါ။

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့် က ပီ က နာရီ လေးလို့ မပတ်ချင်ဘူး လို့ ဆင်ခြေ ပေး တော့ ဖေက solar နာရီ သေးသေး လေးဝယ်ပေးသည်။ ပီ ခြောက်လလောက် သီး ခံ ပြီး ပတ်သေး သည်။ နောက်တော့ နေရောင်ခြည်က အမြဲ မရ လို့ နာ ရီ မသွားဘူး ဆိုကာ မပတ်ဘဲ နေသည်။

ဖေ ပီ ကို တော်တော် စိတ်ဆိုး ပါသည်။ ပိုက်ဆံ ဆိုတာ ရှာရ ခက်ပြီး မပေါများ သော ပီတို့ မိသားစု တွင် ခက်ခက်ခဲခဲ ဝယ်ပေးသော နာရီ ဖြစ်သည်။

ပီ ဖေ ကို ချစ် သည်။ စေတနာကို တန်ဖိုးထားသည်။ ပီ လက်တွင် ရှိသော နာရီ သည် ပီလက်လှုပ်ရှား မှုကို အနှောက်အယှက်ဖြစ်စေသည်။ မလွတ်လပ်။ ပီ စိတ်ကျဉ်းကျပ်သည်။ မကြိုက်။

ဘတ်စ် ကား စီးလျှင် အများစုတွင် နာရီ ပါသည်။ ပီ က မသိမသာ ခိုးပြီး သူများ လက်က နာရီ ကို ကြည့်ပါသည်။ ငရဲ ကြီး လားတော့ ပီ မသိ။ တစ်ခါ တစ်လေ သာ။

ပီ အိမ်တွင် တိုင်ကပ်နာရီ ရှိသည်။ လမ်းက ဆိုင်များ တွင် တိုင်ကပ် နာရီ ကြီး တွေရှိသည်။ ပီ ကွန်ပြူတာ တွင် နာရီ ရှိသည်။ ထို့ကြောင့် လက်ပတ်နာရီ ပီ အတွက် မလို။

အဖြစ်က ဆိုးပါသည်။ လွန်ခဲ့တဲ့ တစ်ပတ် က ဖေ သည် ပီ ရှစ်နှစ်ကြာ သိမ်းထား သော နာရီ ကို တွေ့ပြီး citizen သွားကာ ပိုက်ဆံ သုံးသောင်းဖြုန်း၍ နာရီကိုပြင်လာပါသည်။

မနက်ရုံး သွားတိုင်း နာရီ ပတ်မပတ် စောင့် ကြည့် သတိပေးသည်။ ပီ စိတ်ညစ်ရတာ တစ်ပတ်ရှိပြီ။ ရုံးရောက်တာနဲ့ နာရီချွတ်ပြီး စားပွဲပေါ်တင်ထားသည်။ မနေ့က အိမ်ပြန်ပတ်သွား ဖို့မေ့သွားသည်။

ဒီနေ့ မနက်အဆူခံ ရသည်။ ……………………………………………

အချိန် သည် အရေး ကြီး သည်။ နာရီ သည်အရေးမကြီး။

ဖေ ကို ချစ်သည်။ နာရီ ကို မချစ်။

ပီ ငို ချင်သည်။

(ငှက်မ လေး ပြော သလို ပီ ကို ပီ ကြော်ငြာ ရ မည်ဆို လျှင်… ပီ တွင် နာရီ၊ ရွှေ၊ လက်သည်းရှည်၊ နုတ်ခမ်း နီ၊ အဝတ်အစား အသစ် ပီ မှာ မရှိ။ မကြိုက်။)

Comment #1

အရဲလည်း နာရီ မကြိုက်.. တခါတလေ စိတ်ကူးပေါက်ရင်တော့ စတိုင်ထုတ်ပြီး ၀တ်တတ်ပါတယ်။ ဒါကလည်း အရဲ မွေးကတည်းက ဒီအချိန်ထိ အရဲ သိသမျှလူအကုန် နာရီဝတ်တာကိုး.. အကြောင်းပြချက်ကတော့ မပီလိုပဲ မလွတ်လပ်လို့.. ဟီးဟီး.. အချိန်များ တွေ့တဲ့လူကောက်မေးလိုက် (ကိုယ့်ဘာသာ ထမကြည့်ချင်ရင်) 😀

commentinfo By: အရဲ at Jun 23, 2009
Comment #2

အင်း လေ……… 🙂

commentinfo By: Khine Swe Zin Thin at Jun 24, 2009
Comment #3

lol..
The way you wrote is so cute sis.. 😀

commentinfo By: Kitty Yang at May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment