Professional Authors

အလွမ်းညလွန်ချိန်

တခါတရံ
အိမ်မက်ကငါ နိုးထလာချိန်
ငါဘေးကမင်းရနံ့ တွေ
ပေးခဲ့တဲ့ အနမ်းတွေ
ဘယ်နေရာမှာကျ ကျန်ခဲ့လဲလို့ 
ရံ ဖန်ရံခါ ငါတွေးဖူးတယ်
အတိတ် ကိုလွမ်းတိုင်း
ငါ့ မျက်လုံးတိမ်တိုက်တွေ
မိုးတွေအဖြစ်နဲ့ 
နှလုံးသားကို ဟိုတပေါက်ဒီတပေါက်နဲ့
လာစင်တယ်
ဘယ်သူမှ လာပြီးအားမပေးဘူး
ငါ မငိုပါဘူး
လာပြီးဟားကြမှာ စိုးလို့ 
အလွမ်းဆိုတဲ့ အရာကချိုမြိန်တဲ့
ပန်းသီးတလုံး မဟုတ်တာဆိုရင်
ဝိုင်လို အရသာရှိတယ်လို့ တော့
မင်းမပြောနဲ့
ငါ ခံစားရတိုင်း ထပ်တူညီတဲ့
ဘယ်အရာမှ မင်းဆီကိုမရောက်စေချငိတာ
 ရင်ထဲကလာတဲ့တောင်းဆိုမှုတခုပါ
ဒင်းဒေါငိ ဒင်းဒေါင်(နာရီ အချက်ပေးမြည်သံ)
မနက်မိုးလင်းလာတော့
အိမ်မက်ထဲက
အလွမ်းတွေကို ချောင်တခုမှာ
ခန သိမ်းပြီး
ကဗျာတပုဒ် နဲ့ 
ရေချိုး လိုက်တယ်
ပတ်သတ်ဖူးတဲ့  ဒဏ်ရာတွေကတော့ 
ရေနဲ့ မျောသွားတယ်
အလွမ်းညတွေ ကတော့
ဒီနေ့ မှာပဲ ကုန်ဆုံးသွားပြီး
တနေ့ တာ အလွမ်း ဇယားတွေကတော့
ကော်ဖီ တခွက် နဲ့စီးဆင်းသွားတယ်
တောက်
မုန့် တောင်မစားလိုက်ရဘူး

In: ကဗျာ Posted By: Date: Jun 12, 2011
Comment #1

အလွမ်းတွေကို
ချောင်တစ်ခုမှာ
ခန သိမ်းပြီး
ကဗျာတပုဒ် နဲ့ 
ရေချိုး လိုက်တယ်

Comment #2

ငါ ခံစားရတိုင်း ထပ်တူညီတဲ့
ဘယ်အရာမှ မင်းဆီကိုမရောက်စေချငိတာ
ရင်ထဲကလာတဲ့တောင်းဆိုမှုတခုပါ

commentinfo By: မြေနံ့ at Jun 12, 2011
Comment #3

အလွမ်းဆိုတဲ့ အရာကချိုမြိန်တဲ့
ပန်းသီးတလုံး မဟုတ်တာဆိုရင်
ဝိုင်လို အရသာရှိတယ်လို့ တော့
မင်းမပြောနဲ့

commentinfo By: Nyo Linn Thit at Jun 12, 2011
Comment #4

ပတ်သတ်ဖူးတဲ့  ဒဏ်ရာတွေကတော့ 
ရေနဲ့ မျောသွားတယ်
အလွမ်းညတွေ ကတော့
ဒီနေ့ မှာပဲ ကုန်ဆုံးသွားပြီး
တနေ့ တာ အလွမ်း ဇယားတွေကတော့
ကော်ဖီ တခွက် နဲ့စီးဆင်းသွားတယ်

ကြိုက်တယ်ဗျာ

commentinfo By: Village chat kyi at Jun 12, 2011
Comment #5

ပတ်သတ်ဖူးတဲ့  ဒဏ်ရာတွေကတော့ 
ရေနဲ့ မျောသွားတယ်
အလွမ်းညတွေ ကတော့
ဒီနေ့ မှာပဲ ကုန်ဆုံးသွားပြီး
တနေ့ တာ အလွမ်း ဇယားတွေကတော့
ကော်ဖီ တခွက် နဲ့စီးဆင်းသွားတယ်
တောက်
မုန့် တောင်မစားလိုက်ရဘူး

commentinfo By: အသဲကွဲမိုး at Jun 13, 2011
Comment #6

အလွမ်းတွေကို
ချောင်တစ်ခုမှာ
ခန သိမ်းပြီး
ကဗျာတပုဒ် နဲ့ 
ရေချိုး လိုက်တယ်
စာသားတွေ..မိုက်တယ်.အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 13, 2011
Comment #7

အိမ်မက်ထဲက
အလွမ်းတွေကို ချောင်တခုမှာ
ခန သိမ်းပြီး
ကဗျာတပုဒ် နဲ့ 
ရေချိုး လိုက်တယ်
ပတ်သတ်ဖူးတဲ့  ဒဏ်ရာတွေကတော့ 
ရေနဲ့ မျောသွားတယ်../

သိပ်ကောင်းတဲ့ကဗျာလေးပါပဲ။။.။

Leave Comments

Name*

Email*
Website
Email me whenever there is new comment