ဖြစ်ရပ်မှန်
ရက်စက်လိုက်တာ
ထင်မထားခဲ့မိဘူး……..
နွေးထွေးတဲ့နှုတ်ခမ်းတစ်စုံက
အဆိပ်ရည်လူးထားတဲ့ စကားတွေ
ရင်ခွင်ကိုတစ်ချက်ချင်းလာမှန်တော့
ဒဏ်ရာတွေအပြည့်နဲ့ နာကြင်လှပြီ……..
အလှပဆုံးမျက်ဝန်းအစုံက
စိမ်းကားလွန်းတဲ့အကြည့်တွေက
ဖွဲမီးလိုတမြေ့မြေ့နဲ့ပူလောင်စေခဲ့တာ
အသည်းနှလုံးတစ်ခုလုံးကျွမ်းနေခဲ့ပြီ…….
ညဉ်းတွားဖို့လဲအင်အားတွေမဲ့နေပြီ
နောက်ထပ်ခံစားဖို့ရာ ထုံကြင်နေခဲ့ပြီ
နောက်ဆုံးတော့…
ရင့်သီးတဲ့စကားလုံးတွေကို ခံယူနိုင်ဖို့အတွက်
နူးညံ့တဲ့နှလုံးသားတစ်စုံက
ရင့်ကျက်လာခဲ့ပါပြီ………
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
                                            
Comment #1
နောက်ဆုံးတော့…
ရင့်သီးတဲ့စကားလုံးတွေကို ခံယူနိုင်ဖို့အတွက်
နူးညံ့တဲ့နှလုံးသားတစ်စုံက
ရင့်ကျက်လာခဲ့ပါပြီ………
အဲဒီနေရာလေးက ထိတယ် . . .