Professional Authors

ဖြစ်ရပ်မှန်ပြဇာတ်

မိုးတွေချုန်းချုန်းပွင့်တော့မှ
နှင်းတပြောက်ရှာမိတယ်
တကယ်
ဂလပ်စကိန်းရဲ့ မိုးကုတ်စက်ဝိုင်းမှာ
ရှာတွေ့ခဲ့တယ်..

ဘယ်လို မာတိကာများလဲလို့
ဝတ်ကျေတန်းကျေ သီကုံးမှုနဲ့
အပြုံးတုလန်းလန်းဆန်းဆန်း တလက်
ဘာတစ်ခုမှ မက်မက်ရရမရှိပါဘူး…

အသံသွင်းထားတဲ့ ကြုံကြိုက်မှု
တစ်ခုခုဖုံးကွယ်ထားတဲ့ မျက်ဝန်းမှာ
အပျင်းပြေသတိရစရာတွေပါတယ်
တော်ပါပေတယ်…

မြေထဲပင်လယ်ပတ်ပျိုးကိုရွတ်ပြီး
စပါးကြီးသည်းခြေရှာသူတွေကြားမှာ
စာနာမှုမပါရဘူးတဲ့
ဗီးနပ်စ်ရဲ့ လက်တဘက်ကပြောပြဘူးတယ်…

နောက်တော့လဲ
ရာသီတွေ မိုးစားပြီး
ဒေါင်းကနေကျီးဖြစ်
ဝတ်လစ်စလစ်ကိုယ်ကျင့်တရားဟာ
မျက်နှာပြဖော်တော့ရလိုက်ပါရဲ့..

တကယ်ပါ..
ကြုံရင် ပြောပေးကြစမ်းပါ
ရင်ဘတ်နဲ့ရေးတဲ့ မှတ်တမ်းမှာ
ပလီတာတွေခွင့်ပြုချက်မရဘူး ဆိုတာကိုလေ….
(ခုတစ်ခေါက်တော့ ရှိပါစေ) 

In: ကဗျာ Posted By: Date: Jul 10, 2012
Comment #1

အသံသွင်းထားတဲ့ ကြုံကြိုက်မှု
တစ်ခုခုဖုံးကွယ်ထားတဲ့ မျက်ဝန်းမှာ
အပျင်းပြေသတိရစရာတွေပါတယ်
တော်ပါပေတယ်… (တော်ပါပေတယ်) 🙂

commentinfo By: နတ်သမီး at Jul 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment