Professional Authors

ဖြစ်ရပ်မှန်

သူမရဲ့ အခွံသက်သက်တည်ခင်းမှုမှာ
ငါ မောလျစွာ
အိပ်ပျော်ခဲ့ဖူးတယ်။

ကိုယ့်စကားကိုပြန်မော့သောက်ပြီး
သူမရှေ့တင် နာရီတွေပျော်ကျ
ည တွေပျောက်ပျောက်သွားဖူးတယ်။

မဟုတ်ဘူးဆိုတာသိရက်နဲ့
ိုလာဆင်ရဲ့ နူးညံ့မှုမျိ
သူမအတွက် သက်သက် ဆိုပြီး
ခြံခတ်မွေးဖူးတယ်။

ညဥ့်နက်နက်ဆို
ကောင်းကင်ပေါ်တက်
တာရာတွေကို ခတ်ပြီး
သူမအတွက်ဘယက်တစ်ကုံး
လုပ်ပြီးသိမ်းဖူးတယ်။

တချိန်မှာ
သူမကို ခွဲရမှာသိရက်နဲ့
ဆုံတွေ့ခြင်းတွေ တည်မြဲဖို့
လောဘတက်ပြီး
အချိန်ကိုသတ်ဖို့လဲ စဉ်းစားခဲ့တယ်။

နံနက်ခင်းနဲ့သွန်းတဲ့
ူသူမ အပြုံးရွှန်းရွန်းကို
အလိုမတူဘဲ
အကြိမ်ကြိမ် ခိုးပြေးဖူးသေးတယ်။

ဘာသာဗေဒ ကွဲပြားတဲ့
သူမရဲ့ တခြားပရိသတ်တွေကို
မျက်စိနဲ့ လက်ရိပ်ပြ
အလိုမကျဘူးဆိုတဲ့အကြောင်း
ကောင်းကောင်း ကြေညာဖူးတယ်။

နောက်ဆုံး
ကျန်ခဲ့ခြင်း ထားခဲ့ခြင်းတို့ရဲ့တဘက်မှာ
ကိုယ့်ကိုကိုယ် လိပ်စာတပ်
သူမ နှလုံးသားဆီ
တံဆိပ်ခေါင်းမပါဘဲ လှမ်းဆက်ခဲ့တယ်။

ခုဆိုရင်
နေ့နဲ့ညအပြင်မှာ
သူမကိုရှာပြီး
ကဗျာရှည်ကတဲ့ ဆည်းဆာမှာ
လိုက်လိုက်ရှာနေမိတာ
တော်တော် တောင် ကြာပြီပဲ။။။။။။။

In: ကဗျာ Posted By: Date: Jun 25, 2011
Comment #1

တချိန်မှာ
သူမကို ခွဲရမှာသိရက်နဲ့
ဆုံတွေ့ခြင်းတွေ တည်မြဲဖို့
လောဘတက်ပြီး
အချိန်ကိုသတ်ဖို့လဲ စဉ်းစားခဲ့တယ်။

ဘာသာဗေဒ ကွဲပြားတဲ့
သူမရဲ့ တခြားပရိသတ်တွေကို
မျက်စိနဲ့ လက်ရိပ်ပြ
အလိုမကျဘူးဆိုတဲ့အကြောင်း
ကောင်းကောင်း ကြေညာဖူးတယ်။

နောက်ဆုံး
ကျန်ခဲ့ခြင်း ထားခဲ့ခြင်းတို့ရဲ့တဘက်မှာ
ကိုယ့်ကိုကိုယ် လိပ်စာတပ်
သူမ နှလုံးသားဆီ
တံဆိပ်ခေါင်းမပါဘဲ လှမ်းဆက်ခဲ့တယ်။

ခံစားချက်ကိုဖော်ကျုးရာမှာသုံးသွားတဲ့စကားလုံးတွေ..အရမ်းကြိုက်၏..
အားပေးပါတယ်……။:)

commentinfo By: terry at Jun 25, 2011
Comment #2

ခုဆိုရင်
နေ့နဲ့ညအပြင်မှာ
သူမကိုရှာပြီး
ကဗျာရှည်ကတဲ့ ဆည်းဆာမှာ
လိုက်လိုက်ရှာနေမိတာ
တော်တော် တောင် ကြာပြီပဲ။။။။။။။
ကဗျာစာသားတွေအရမ်းကောင်းပါတယ်။
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 25, 2011
Comment #3

ကိုယ့်စကားကိုပြန်မော့သောက်ပြီး
သူမရှေ့တင် နာရီတွေပျော်ကျ
ည တွေပျောက်ပျောက်သွားဖူးတယ်။ကိုယ့်စကားကိုပြန်မော့သောက်ပြီး
သူမရှေ့တင် နာရီတွေပျော်ကျ
ည တွေပျောက်ပျောက်သွားဖူးတယ်။နောက်ဆုံး
ကျန်ခဲ့ခြင်း ထားခဲ့ခြင်းတို့ရဲ့တဘက်မှာ
ကိုယ့်ကိုကိုယ် လိပ်စာတပ်
သူမ နှလုံးသားဆီ
တံဆိပ်ခေါင်းမပါဘဲ လှမ်းဆက်ခဲ့တယ်။
(ခံစားချက်ချင်းတူလွန်းလို့ ကိုယ့်ကိုကိုယ် တောင်အပစ်တင်မိတယ် အဲလိုမရေးတတ်ရကောင်းလားဆိုပြီးတော့ ပေါ့ ….)

commentinfo By: blissinglady at Jun 25, 2011
Comment #4

နောက်ဆုံး
ကျန်ခဲ့ခြင်း ထားခဲ့ခြင်းတို့ရဲ့တဘက်မှာ
ကိုယ့်ကိုကိုယ် လိပ်စာတပ်
သူမ နှလုံးသားဆီ
တံဆိပ်ခေါင်းမပါဘဲ လှမ်းဆက်ခဲ့တယ်။

ခုဆိုရင်
နေ့နဲ့ညအပြင်မှာ
သူမကိုရှာပြီး
ကဗျာရှည်ကတဲ့ ဆည်းဆာမှာ
လိုက်လိုက်ရှာနေမိတာ
တော်တော် တောင် ကြာပြီပဲ။။။။။။။..။
သိပ်ကောင်းတယ်…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment