Professional Authors

ညီမလေး

ရေရာမှုမရှိတဲ့ မျှော်လင့်ချက်နဲ့
ပြန်မလာတော့မဲ့အကြည့်တစ်ခုက

နွမ်းနယ်နေတဲ့ အကိုတိုဘ၀တွေကို

လှောင်ရယ်ကာ ဟန်ဆောင်မနေပါနဲ့လားကွယ်
မနက်ဖြန်ဆိုတာ…..

ခပ်ရေးရေးအတွေးတွေနဲ့ပဲ
စက္ကန့်တိုင်းရဲ့ ကြည်နူးမှုတွေ
ခြေရာဖျောက်တော့မယ်ပေါ
လောကဓံရဲ မိုးရေတွေကြားမှာ

ထီးရိုးလေးတစ်ခုလောက်တောင်
ဆုပ်ထားပိုင်ခွင့်မပေးကြပါလား
ညီမလေး………………..
မေတ္တာဆိုတဲ့ စမ်းရေအဖြစ်နဲ့
စီးဆင်းခြင်းအခွင့်ရေးတွေ
အချည်းအနှီးဖြစ်သွားပြီထင်ပါတယ်ကွယ်
ငိုရှိုက်ခြင်းမျက်ရည်တွေ
ခဏလောက် ထိန်းချုပ်ထားပါအုန်း
မငိုပါနဲ့လားညီမလေးရယ်
နုညံ့မှုမရှိတဲ့အကိုရင်ခွင်ကြားက
မေတ္တာရဲ့ နွေးထွေးမှုလေး
ခိုလှုံခွင့်သွားပါအုန်းကွယ်
ဟင်အင်း…………..
အားတင်းလိုဆုပ်ကိုင်ထားတဲ့
ညီမလေးရဲ့လက်အစုံက
အရောင်တွေမျှော်လင်ချက်အရောင်
မှိန်ရေရတာလဲကွယ်….
တိတ်ဆိတ်ခြင်းအိမ်မက်ကိုများ
ဝိညာည်တော်တွေနဲ လဲလှယ်ပြီး
မက်ချင်နေရတာလဲကွယ်
ရှင်သန်ခြင်းကောင်ကင်ပြင်ကြား
လွတ်လပ်စွာရွှေလျားနေတဲ့တိမ်ကလေးအဖြစ်
အကိုမဖန်တီးပေးနိုင်ခဲ့တာ
ခွင့်လွှတ်ပေးပါနော်……….
ဟော……အခုတော့
ပူနွေးစိုဆွတ်တဲ့မျက်ရည်တစ်ပေါက်က
အကိုတွက်..ခွဲခွာခြင်း
အထိမ်းအမှတ်လား..ညီမလေးရယ်

 
In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ညီမလေးရယ်… ကိုကိုကျော်လေ…..၊။။။။။

commentinfo By: moezat at Dec 16, 2010
Comment #2

ကောင်းတယ်ဗျာ
ကဗျာက ………
ကျွှန်တော်တကယ့်ကိုကြိုက်တယ်
ဖတ်တဲ့အချိန်မှာ တစ်မျိုးကြီးပဲခံစားရတယ်
အဲလို လွမ်းဆွတ်ဖို့ကောင်းတဲ့ ကဗျာတွေ ထပ်ရေးပေးပါဗျာ
ကြိုက်လို့ပါ
ပျော်ရွှင်ပါစေ

commentinfo By: မွန်စိုက် at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment