မာယာမများတဲ့ မြစ်မာယာ – နရီထက်
ဖြစ်တည်ရာ အစက
ပေးဆပ်ဖို့ သက်သက်ပါ
အကျိုးကိုလည်း ဖြစ်စေခဲ့သည်
ပျော်ရွှင်မှုကိုလည်း ပေးခဲ့သည်
မွေးဖွားရာ ဇာတိလူတို့
ကူးလူးယှက်ဖြာ
နှစ်တွေနှောင်းလည်း
ငါသည် ဆက်ကာဆက်ကာ စီးဆင်နေသည်
ငါကို ထားခဲ့လည်း
ငါ မလွမ်းတတ်ခဲ့ပါ
ငါကို တိုင်တည်ပြောလည်း
ငါ စကားသံတွေ သူတို့ မကြားခဲ့ပါ
ငါ အနား ငိုကြွေးနေလည်း
ငါ မငိုခဲ့တတ်ခဲ့ပါ
ရာဇ၀င်မှာ ပုံပြင်တွေ
အလီလီပြောင်းခဲ့လည်း
ငါကတော့ မြေပုံတစ်နေရာမှာ
အမြဲရှိနေခဲ့တယ်
ပြောင်းလဲခြင်းအောက်မှာ
မပြောင်းလဲဘဲ တည်ရှိနေတာပါ
လှိုင်းထန်တွေကြားမှာ
အနေအထိုင်တတ်အောင် နေခဲ့တယ်
ကမ်းစပ်အရောက်တွန်းပို့လည်း
အနေမပျက်ခဲ့ပါဘူး
လမင်းက ပြုံးပြလင်းလက်နေတဲ့အခါလည်း
ငါက မြူးထူးမနေခဲ့ပါဘူး
သူတို့တွေ ပြောစရာရှိတဲ့အခါ
ငါ့ကမ်းစပ်အနား ရောက်လာတတ်ကြတယ်
သူတို့တွေ လမ်းခွဲ မျက်ရည်ကျနေတတ်တဲ့အခါလည်း
ငါ့အနား ရောက်တတ်ခဲ့ကြတယ်
လမ်းပြနှုတ်ဆက်ချိန်ရောက်တဲ့အခါလည်း
ငါ့ရဲ့ ကျောပြင်ပေါ်ကနေ
ဖြစ်သန်းသွားကြတယ်လေး
တိတ်တိတ်လေးနေခဲ့တဲ့ ငါ…
မာယာမများချင်ခဲ့လို့ပါ
ဒါပေမဲ့ မာယာတွေနှင့်
ပြည့်နှက်နေပြီးထားပါ။ ။
နရီထက်
( ၀၉ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #1
တိတ်တိတ်လေးနေခဲ့တဲ့ ငါ…
မာယာမများချင်ခဲ့လို့ပါ
ဒါပေမဲ့ မာယာတွေနှင့်
ပြည့်နှက်နေပြီးထားပါ
Good!!!