Professional Authors

အသည်းကွဲ ဇာတ်ဆရာ (Kitty Yang)

သူမက ဟာလာဟင်းလင်း
ကောင်းကင်းယံထက်..
လွတ်လပ်စွာ အမုန်းပျံသန်းရခြင်းကို
သဘောကျတယ်..
ကျွန်တော်ကသူမကို
နှစ်သက်တယ်။

ကျွန်တော်ကတော့
ကြိုးကကိုင်ပြီး ကိုယ့်စေရာ
\’က\’ ခိုင်းဖို့ အင်အားမဲ့ခဲ့တဲ့
ရုပ်သေးရုပ်ဇာတ်ဆရာ
သက်သက်ပါ။

တမ်းတတဲ့ စက္ကန့်တိုင်း
အချစ်ကြိုးသူမကို
တစ်ကြိမ်ရစ်ပတ်ခဲ့ရင်
တစ်နေ့တာ အတွက်
ရစ်ပတ်ခြင်းက ၈၆၄၀ဝ..
ဒါပေမယ့် စက္ကန့်တိုင်းက
သူမကိုယ်လွတ်ရုန်းဖို့
ဆင်ခြေတစ်ခု
ဖြစ်ခဲ့တာလား…..။

ကပွဲရဲ့အဆုံးသတ်က
ကြိုးပျက်သွားတဲ့ သူမကို
အလွမ်းမလှမပတွေနဲ့
သူမရဲ့ အပြန်လမ်းကို
ဝေဒနာပိုက်ကာမျှော်ရမယ်လို့
ဘယ်ဇာတ်ထဲမှာမှ
ထည့်ရေးမထားခဲ့တာ။

ပွဲအစမှာပဲ
အရှုံးတွေပုံပေးခဲ့တဲ့
အချစ်ဆိုတဲ့ ဒိုင်လူကြီးကို
မတရားမှုနဲ့ စွဲချက်တင်မယ်..
လျှောကြေးအဖြစ်
\”ကျွန်တော့်ကိုအရမ်းချစ်သော
\’သူမ\’\” လို့သာ
ပြန်ပြောင်းလို့ပြင်ပေးပါ။

ကျွန်တော်ဟာ
သူမကိုအလွန်မြတ်နိုးတဲ့
အသည်းကွဲ ဇာတ်ဆရာတစ်ဦး။

Kitty Yang
19th October 2010 [6.58 PM]

In: ကဗျာ Posted By: Date: Oct 20, 2010
Comment #1

အားပေးတာကျေးဇူးပါပဲဗျာ… 🙂

commentinfo By: Kitty Yang at Oct 20, 2010
Comment #2

ဘယ်သူလဲကွ
ငါ့အကြောင်းကို ကဗျာရေးတာ…. 😛

commentinfo By: Za TaGwel at Oct 22, 2010
Comment #3

bae du lel ?

commentinfo By: Kitty Yang at Oct 25, 2010
Comment #4

ဪ.. ကိုဂျီးရိုးကြီးကိုး…. 😀

commentinfo By: Kitty Yang at Oct 25, 2010
Comment #5

သြော် .. အသည်းကွဲရင်းနဲ့တောင် ဇာတ်ဆရာဖြစ်ရမှာ .. တွေးကြည့်တယ် .. သိပ်တော့မဟန်ဘူး .. သူမကို ဇာတ်တိုက်ပေးရင် ရောရောငိုရမှာ .. မိုးထဲ မျက်ရည်တွေ မစဲသလို ဖြစ်ကုန်ရော့မယ်

commentinfo By: သက်ထွေး at Oct 25, 2010
Comment #6

ဟင့်.. သူကြီးပြောမှပဲ.. ငိုချင်သွားပြီ… တော်တော်သနားစရာပဲ..
hehe

commentinfo By: Kitty Yang at Oct 25, 2010
Comment #7

ကဗျာတိ အားလုံးလိုလို ကောင်းပါရေ…… ခံစားချက်လည်း….သေးမယ်မထင်ပါဘူးနော်……..ကဗျာအရသာကို ခံစားရလို့ သိပ်ဝမ်းသာမိတယ်

commentinfo By: KoNaingLinn at Jul 20, 2011
Comment #8

so nice,

commentinfo By: ei lay at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment