Professional Authors

စိတ္တဇကဗျာ (၂) [Kitty Yang]

မနက်မှအိပ်တန်းတတ်တဲ့
ငါ့အတွက် ညတွေဟာ
စိမ်းကားလွန်းတယ်။

ကဗျာတွေ ဟိုခြစ်၊ဒီခြစ်
စာရွက်ပေါ်ချမရေးတဲ့
ငါ့အတွက် ..
အခန်းပြင်လည်း ရှုပ်မသွားဘူး။

ဥပေက္ခာတွေရဲ့အလည်
ကိုယ့်သံသယ
ကိုယ့်ပြန်ပတ်တော့
နှလုံးအိမ်လည်း
ရေခဲတိုက်ပို့ရပြန်။

သံစဉ်ချိုချိုနဲ့
ဝိုင်တစ်ခွက်…
ကဗျာဆန်တဲ့ ဖိုးလမင်းနဲ့
ချိန်းဆိုမှုတွေလည်း
တည်မြဲ…။

ရန်ကုန်မဟုတ်တဲ့ ဒေသမှာ
ခွေးအူသံလည်း လွမ်းရပါရဲ့..
အဖော်ကောင်းဖြစ်တဲ့
ငါ့ laptop တောင်
ခွေးလိုမအူတတ်တော့ ခက်တယ်။

ယုံကြည်မှုတွေ
အိမ်လည်ထွက်တော့
ဒီရင်ခွင်လည်း
အထီးကျန်ဆန်ပါရဲ့ ..
အိမ်ပြန်ချိန်က
ဘယ်သောအခါတဲ့လဲ..။

ငိုသံတွေမကြွေဖို့
ငါ့မျက်ရည်တစ်စနဲ့
ကဗျာတစ်ပုဒ်
မီးခံသေတ္တာထဲမှာသာ
အရိုးဆွေးပါစေ။

၂၂.၀၆.၂၀၀၉
-=Kitty Yang=-
[Your Brilliant Torture]

In: ကဗျာ Posted By: Date: Jun 21, 2009
Comment #1

ငိုသံတွေမကြွေဖို့
ငါ့မျက်ရည်တစ်စနဲ့
ကဗျာတစ်ပုဒ်
မီးခံသေတ္တာထဲမှာသာ
အရိုးဆွေးပါစေ။

ကောင်းပါ့ .. အဲဒါလေးကြိုက်ပါတယ်ခင်ဗျ။ Laptop ကို ခွေးလိုအူစေချင်ရင် Ring tone လေးထည့်ထာလိုက်လေလို့ ။ 😛

commentinfo By: thettwe at Jun 21, 2009
Comment #2

hite shar par.. 😛
Laptop ko bae lo ringtone htay` ma tone ta gyi ya??
/me gaung kote.. handphone so hote tote tote.. aheet 😀

commentinfo By: Kitty Yang at Jun 21, 2009
Comment #3

ခွေး အူ တာ ကြောက်စရာ ကြီး။ လွမ်း နဲ့။

commentinfo By: Khine Swe Zin Thin at Jun 21, 2009
Comment #4

မိုက်ပါ့.. ကစ်ကစ်ကဗျာတွေ ပိုပိုကောင်းလာပါတယ်ဗျို့

commentinfo By: အရဲ at Jun 22, 2009
Comment #5

ကောင်းတယ်… ကဗျာက
ငါအမြဲတမ်းနင့်ရဲ့ ကဗျာတွေကို နောက်ဆုံးမှ ဖတ်ရတဲ့သူ ဖြစ်နေပါလား…
တကယ်တိုးတက်လာတာဗျ…
ငါတောင် ဒီလောက်ရေးတတ်မယ့်ပုံ မပေါ်ပါ 🙂

commentinfo By: Ei Mon Soe at Jun 22, 2009
Comment #6

ahat ahat.. arr pay kya loh kyay juu par :*

commentinfo By: Kitty Yang at Jun 25, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment