ယုံကြည်ချက်တပ်မက်
မင်းကိုယုံချင်တယ်ချစ်သူရယ်
ငါ့ကိုငါပိုပြီးတော့ယုံချင်
တယ်
ငါစွန့်စားရဲပါ့မလား
မင်းရော စွန့်စားရဲလို့လား
တည်မြဲခြင်းမရှိတဲ့လောကကြီးမှာ
ငါတို့၂ယောက်အချစ်တွေရော
တည်မြဲမှာလား
ငါ့ကိုငါပြန်သတ်နေပါလား
မွေးရာပါကြောက်စိတ်တွေက
မင်းနဲ့တွေ့မှပေါ်လာတဲ့ချစ်စိတ်တွေကို
နိုင်ချင်နေကြတယ်
တကယ်လို့များ ဆိုတဲ့အတွေးတွေက
ခြောက်လှန့်နေတယ်ချစ်သူရေ
ငါမင်းကိုယုံချင်ပါတယ်ကွာ
ဒါပေမဲ့
ငါ့ကိုငါအရင်ယုံအောင်လုပ်လိုက်အုံးမယ်
အောင်မြင်တဲ့နေ့ကျရင်
မင်းကိုငါတိုးတိုးလေးကပ်ပြောမယ်
“အချစ်ဆိုတာယုံကြည်ချက်” လို့
အခုတော့ငါ
လေထဲတိုက်ဆောက်လိုက်အုံးမယ်ကွာ
ပြောသာပြောရတာ
အရင်ဆောက်လက်စတိုက်တောင်
မပြီးသေးဘူး
Leave Comments
Email me whenever there is new comment
Copyright © 2012 PoemsCorner. All rights reserved. Terms of Service




11611 masterpieces
34812 comments
3729 members
974 pc authors
Comment #1
ha,,ha,,,
a me lay………
arr ko sa yar g tot.
he,,he,,