စောင့်နေသူတစ်ယောက်ရဲ့ ယုံကြည်ခွင့်
စောင့်နေသူတစ်ယောက်ရဲ့ ယုံကြည်ခွင့်
တိမ်တွေတောင် ငိုနေပြီ
 နေညိုချိန်တွေ ငါ့အတွက်
 မြေနီလမ်းတောင် မသာယာတော့
 မိုးစက်တို့ နှိပ်စက်ရက်တယ်
 လေရိုင်းတွေက ငါကို
 ရည်ရွယ်လေသလား
 ခပ်ပြင်းပြင်း ချွေချသွားလိုက်တာ
 နလံထူဖို့ ငါ အားမရှိတော့ဘူး
 သူကတော့ ကျောခိုင်းမြဲ
 ငါကလည်း မတားရက်ခဲ့ဘူး
 မင်းအတွက် ငါဆောက်ခဲ့တဲ့
 ဒီအိမ်လေးထဲမှာ ငါစောင့်နေမြဲပါလေ
 နင်ပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့
 စကားတစ်ခွန်း ငါ ယုံကြည်မိတုန်းပါ
 တစ်ရက် တစ်စောင်ရေးခဲ့တဲ့
 ငါ့ အချစ်သ၀ဏ်လွှာတွေက
 နင် ပြန်လာနိုင်အောင်
 မစွမ်းဆောင်နိုင်တော့ပြီးလား
 ဒီလိုနဲ့ပဲ သက္ကရာဇ်နှစ်တွေပြောင်း
 နင်လည်း နောက်လူပြောင်းလောက်ရောပေါ့
 ကံကြမ္မာအလှည့်အပြောင်း တစ်ခုက
 နင့်အတွက်လား ငါ့အတွက်လား
 ဒါမှမဟုတ် နှစ်ဦးစလုံးအတွက်လား
 ဘာလို့နင့်ဆီ စာမရေးလဲဆိုတဲ့
 မေးခွန်းအတွက်
 နင်မဖတ်လိုက်တဲ့ စာ၃၆၈စောင်က
 ငါ့အတွက် အဖြေ
 ငါ့ရဲ့ ချစ်ခဲ့ခြင်းတွေပါ
 ချစ်သူကို ပိုင်ဆိုင်ဖို့
 မျှော်လင့်ထားသူတစ်ယောက်အနေ
 စွန့်လွတ်ဖို့ စိတ်မကူးပေမယ့်
 ငါ့ဘ၀ကို နင့် ဆုံးဖြတ်ချက်တစ်ခုမှာ
 ငါ အပ်နှံလိုက်ပါတယ်
 နင်ငါ့ဆီ ပြန်လာမှာပါဆိုတဲ့
 ယုံကြည်နေခွင့်လေးတော့
 ပေးသနားခဲ့ပါ
 ငါ မျှော်လင့်နေချင်လို့ပါ


 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 