Professional Authors

ခေါင်းစဉ်မရှိသော

#‎ခေါင်းစဉ်မရှိသော‬ …..

ကြားရတဲ့ စကားလုံး
နားထဲကို ဗုံးခွဲပြီးဝင်တယ်
လက်ထပ်လိုက်ပြီတဲ့ ……..။။။

အဲ့ဒီ့ညက ..
အရှင်လက်လက် အတွေးဂယက်
အိမ်မက်က ညကို
ဘီလူးသံစဉ်နဲ့ ဝင်စီးတယ်

ချန်ခဲ့တာလား ကျန်ခဲ့တာလား
ဇဝေဇဝါအတွေးများက
ရိုင်းစိုင်းတဲ့နှင်းလို
ငါ့ကို စွတ်စို

ပြန်မပြောချင်တော့ဘူး
ဆောင်းခိုနေတဲ့ ငါ့ရဲ့အလွမ်းတွေအကြောင်း
ခွင့်ပြုလိုက်တဲ့ ငါ့နှလုံးသား
အင်အားမဲ့နေတဲ့အကြောင်း …. ။
………. တဲ့ အကြောင်း …
အကြောင်းပေါင်းများစွာ…။

နတ်ဘုရားတွေပေါင်းစု
သင်တို့ရဲ့ ကျိန်စာနဲ့
ငါ့ကို ……………
အဆုံးသတ်ပေးပါတော့…..။

ငါ့နှလုံးသားကို ယစ်ပူဇော်ပြီး
ဆုတောင်းပေးမယ်
နင် ပျော် ပါ စေ …. ။

‪#‎သုခေတ်‬

In: ကဗျာ Posted By: Date: Dec 14, 2014
Comment #1

nice

commentinfo By: Ko Zay at Dec 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment