Professional Authors

ခေါင်းစဉ်မရှိဘူးဗျာ….

ငါယုံကြည်ချင်တယ်
မင်းပြောသမျှ ငါ့ကို မညာခဲ့ပါဘူးလို့ ငါယုံကြည်ချင်တယ်
အကြိမ်ကြိမ်ရိုက်ချိုးခံရတဲ့ ငါ့နှလုံးသားလည်း တစ်စစီကွဲကြေလို့
နင်ကတော့ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေနဲ့
ငါ့ကို အရူးလုပ်နေတုန်းပဲ
နင့်ဓါတ်ပုံမဟုတ်သော နင့်ဓါတ်ပုံတွေကို ကြည့်ရင်း
ငါ့မျက်ရည် တွေတွေကျနေဆဲပဲ
အသိစိတ်က စိတ်နာချင်လည်း
မသိစိတ်က မျှော်လင့်နေဆဲပဲ
နင်ပြောသမျှကို အစစ်အမှန်တွေပါလို့ ယုံကြည်နေချင်ဆဲပဲ
နင်ရက်စက်တယ်……
နင်သိပ်ရက်စက်တယ်…..
နင်လုပ်ရက်တယ်….
နင်သိပ်လုပ်ရက်တယ်…
ဘယ်လိုအငြိုးနဲ့များ မင်းငါ့ကို
ဒီလောက်အမုန်းမိုးတွေ ရွာချစေတာလည်း….
အရှုံးပေးထားသူကိုမှ အနိုင်ထပ်လိုချင်တယ်တဲ့လား….
ငါ့နှလုံးသားအစိတ်စိတ်ကွဲခံလို့ ချစ်ခဲ့ပြီးပီပဲ…
ငါ့ဆီက ဘာများထပ်လိုချင်သေးလို့လဲ……..
နင့်ကိုငါအရမ်းချစ်တယ်…

In: ကဗျာ Posted By: Date: Dec 6, 2011
Comment #1

har,,,
bar tway loak like tone?

commentinfo By: ei lay at Dec 6, 2011
Comment #2

😀
ဘာမှမလုပ်ပါဘူး အိလေးရယ်….
ဘာလုပ်ရမှာလည်း….

Comment #3

လုလင် အားပေးသွားပါသည်

Comment #4

he,,he,,
ti bu lay…
ma ti loh mae tar ko..

commentinfo By: ei lay at Dec 7, 2011
Comment #5

အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Dec 7, 2011
Comment #6

း)
ကျေးဇူးအများကြီး တင်ပါတယ်….
ကဗျာမဟုတ်တဲ့ ကဗျာတွေအတွက် အချိန်ကုန်ခံပြီး ဖတ်တဲ့သူငယ်ချင်းတွေအားလုံးကို….

Leave Comments

Name*

Email*
Website
Email me whenever there is new comment