Professional Authors

ခေါင်းစဉ်မရှိတဲ့စာ

ခံစားချက်တွေ ရောထွေးနေတဲ့

အကြည့်တစ်ခုကို အပိုင်သိမ်းပြီး

ပြည်တော်ဝင်ခဲ့တယ်

(သေချာတာက ငါ့ကို သပြေကမ်းမယ့်သူမရှိဘူး..)

 

နင်အကြည့်တွေမှာ…

နာကျဉ်းမှုတွေလား

လှောင်ရယ်မှုတွေလား

နှိမ့်ချခြင်းတွေလား.

ဝေခွဲမရခဲ့ဘူး..

 

မျက်ဝန်း ၂စုံ ခလုတ်တိုက်မိချိန်

ငါ့ရင်ထဲကို ရင်မြင်လိမ့်မယ်

ဒါပေမယ့်

နင့်ရင်ထဲကို ငါမသိခဲ့ဘူး..။

 

ငါ့စည်းငါချိုး

ငါ့ဥပဒေ ငါဖောက်

ခံစားချက်နောက် ဒူးထောက်လိုက်ချင်တာပေါ့..။

ငါ့ရပ်တည်မှုကို

( ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် )

ငါမုန်းတယ်..။

 

နင့်ကို တစ်ခါသတိရမိတိုင်း

ငါနှလုံးသားတစ်ခါသေဆုံးတယ်..

ရှင်သန်လို့လဲ မထူးတော့ပါဘူးလေ.။

 

“တစ်ဘဝစာ …

ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။

(သည့်ပြင် ဘာမှမပိုခဲ့ဘူး)” တဲ့..။

ကံကောင်းလိုက်လေခြင်းလို့ပဲ အော်လိုက်ချင်တယ်.

 

ငါ့အတွက်က

နှလုံးသားတစ်ခုလုံးစာ

ခဏတာ ကြည့်ခွင့်ရခဲ့ရုံတင်ပါကွယ်..

 

Fotia~!

31.1.2012

10:15 PM

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

oh,,,,,,,,,
lots of love?
why u do like that?

commentinfo By: ei lay at Feb 25, 2012
Comment #2

အချစ်တွေ မများဘူးလေ
း)
တကယ် ခဏပဲ.. ခဏလေးပဲ

commentinfo By: FotiaPrincezz at Feb 25, 2012
Comment #3

ခေါင်းစဉ်မရှိဘူးဆိုပြီးဘာလို့ “ခေါင်းစဉ်မရှိတဲ့စာ” လို့ခေါင်းစဉ်တပ်ထားတာလဲ။
ဟဲဟဲနောက်တာပါ။

commentinfo By: soe wunna at Feb 25, 2012
Comment #4

ကျွန်တော်..ဒီကဗျာလေးကိုတကယ်နှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #5

aww,,hote,,,
so lo tar ka,,,,,,,,,
kha na tar sate hloke shar chin pop naw,,

commentinfo By: ei lay at Feb 25, 2012
Comment #6

တစ်ဘ၀လုံးစာ ထိုင်ကြည့်ချင်မိတဲ့သူကို
နှလုံးသားနဲ့အပြည့်စာ ခဏတာလေးပဲ ကြည့်ခွင်ရခဲ့လိုက်တာလေးပါ..။

commentinfo By: FotiaPrincezz at Feb 27, 2012
Comment #7

နင့်ကို တစ်ခါသတိရမိတိုင်း

ငါနှလုံးသားတစ်ခါသေဆုံးတယ်..

ရှင်သန်လို့လဲ မထူးတော့ပါဘူးလေ.။

commentinfo By: poohmay at Mar 14, 2012
Comment #8

nint kyaunt ngar ba wa g bar phyit twar hman ko ma ti dot bu,,,
ngar e lout u ke mi de,

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment