ရှုပ်ထွေး၍ အနားသတ်မရှိသော ကဗျာ
ကဗျာ ခရီး အစ မှာ
က ငိုညည်းခဲ့တာ
ကဗျာ ခရီး အဆုံးတော့
အပြုံးတစ်ချက် ငါ
တပ်မက်တယ်။။။။။။
နယူတန် လို လဲ
အယူ အဆ မဆန် ဘူး
လူ ဆန် သလိုပဲ
ဒါပေမဲ့ တယူမသန်ဘူး။။။။
တောက် ….
…………..ကျွတ် …
ဟာကွာ……
အားမလို အားမရနဲ့
ငါ့ ကိုငါပဲ
နရင်းရိုက်ချင်တာ
လူတွေကိုအမြင်ကတ်ရင်။။။။။။။။။။။။။။။။။။
ခွက် အလွတ် တလုံးရှေ့ချ
မျက်ရည်တွေ ပဲ ငါညှစ်ချချင်တယ်
နောက်ထပ်မထွက်အောင်
တစ်ရှုးလဲခြွေတာရာရောက်တယ်လေ။။။။။။
နာစမ်း ပက်ပက်စက်စက်
ဒီ ရင် အသည်း
ခဏခဏ အက်လာရင်
အသားမာတက်လာလိမ့်မယ်
အဲဒိနောက်တော့
အက်ကွဲဖို့ နည်းနည်းခက်လာမယ်
မသိမသာလေးတော့ မာဆတ် လာမယ်။။။။။။။။။
ခပ်ထက်ထက် ငါ့မာနတွေ
အရောင် တလက်လက်
တဖျပ်ဖျပ်နဲ့လူး လွန့် ပီး
နောက်ဆုံး နိဂုံး ချုပ်ရချေတော့မယ်
ဟင့်အင်း ဆက်တင်းထားတယ်
အသက်နဲ့ ရင်းပီး ။။။။။။။။။။။
အထာ မကျတဲ့
လူသားတွေထဲ
နင်ပါ နစ်မွန်း
သွားတာ လဲ
ငါ နှမြောလို့ မဆုံးဘူး
တတ်လဲ မတတ်နိုင်ဘူး ။။။။။။
တားထားပါတယ်ဆိုတာကိုမှ
ကျူးလွန်ချင်တာ
လူ့ဘာသာ ဘာဝ
နင် လဲ လူ
ငါလဲ လူ
တခါတခါ တော့ ကျူးမိမယ်
ရူးမနေနဲ့
ငါ လူ ။။။။။။။။။။။။။။။။
ကဲ ထားပါ
အကြည်တော် ပြောတဲ့
“၀ဋ် ရှိခဲ့လို့ အသည်း ကွဲပါတယ်ဆိုတာကို”
ဝတ် ရှိဂယ်လို အသည်းကွဲတယ် တော့
ေ၇လိုက်မလွဲစေချင်ဘူး
ဟင့်အင်း မလွဲချင်ဘူး။။။။။။။
ဟေ …
ကဗျာ ကို
အဆုံး အစ
တစ်ခေါက် ပြန်ဖတ်
ငါ့ကိုငါပဲ သုံးသပ်
လုပ်ဇာတ်တွေတော့ မဟုတ်ပေမဲ့
ငါနဲ့ ကဗျာတွေ
ရှုပ်ရှပ်တွေတော့ ခတ်နေပီ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Comment #1
ဟာကွာ……
အားမလို အားမရနဲ့
ငါ့ ကိုငါပဲ
နရင်းရိုက်ချင်တာ
လူတွေကိုအမြင်ကတ်ရင်။။။။။။။။။။။။။။။။။။