မေ့ ရင်ခွင်တမ်းချင်း(ဖြိုးဖြိုး)
တက်လိုက်ကျလိုက် စိတ်ဓာတ်တစ်ချို့ရယ်
လွမ်းဖျာလွမ်းနာလို့နံမည်တပ်ရင် ရတဲ့ ခဏခဏနေမကောင်းဖြစ်တာတွေရယ်
ဘာကြောင့်လည်းလို့မေးခဲ့ရင်တောင် အဖြေမရှိတဲ့
တစ်ချို့ညတွေမှာ ကျတတ်တဲ့မျက်ရည်တွေရယ်
တစ်ခုမက လိုချင်လို့ တစ်ခုခုပေးတော့မလိုလို ဂရုစိုက်မှုတွေရယ်
အမြဲတမ်းအဖော်ပြူပေးနေတတ်တဲ့
ခပ်ရင့်ရင့် သန်းခေါင်ကျော်ညတွေရယ်
အဲဒါတွေအားလုံးက သမီးဘေးနားမှာ သိုင်းသိုင်းဝန်းဝန်းလေးနဲ့ဆိုတော့
အမေ့ရင်ခွင်ကို သမီး မတမ်းတပါဘူး
အဲလိုမျိုးလေး မေ့ချင်ဟန်ဆောင်ထားတာပေါ့
၂၂ နှစ်အမေ့သမီးကို
၃၂ နှစ်လောက်ရှိတဲ့ ရင့်ကျက်မှုတွေလာတောင်းကြတိုင်း
အမေ့ပြောတဲ့ ငါ့သမီးက အမေ့မျက်စိထဲမှာ အမြဲကလေးပဲဆိုတဲ့စကားကိုတော့
တကယ်လွမ်းတယ် မေမေရယ်..
Globalization ဆိုပေမယ့်
သမီးဝမ်းနည်းတိုင်း အမေ့ရင်ခွင်ကိုပြေးလာလို့မရမှတော့
အဲဒီ Globalization ကလည်း အသုံးမ၀င်ပါဘူး အမေရာ..
ဒီ..လို..နဲ့
အမေ့ရင်ခွင်ရဲ့အဝေးက သမီး
ကြမ်းလိုက် လွမ်းလိုက် လမ်းခရီး မှာ
တစ်ခုခုဆို အမေ့အသံကိုပဲ ပြန်ကြားယောင်ပြီး
စိတ်ဓာတ်ကို အရောင်ပြန်တင်နေရတယ် အမေရယ်။
{August 31, Monday, 2009 >> 12:00 AM}, ဖြိုးဖြိုး (:
Comment #3
ကောင်းပါတယ်လို့ ပြောစရမလိုအောင် ပြည့်စုံကောင်းမွန်တဲ့ ကဗျာလေးပါ…။
Globalization ခေတ်ကြီးထဲမှာ ကျွန်တော်လည်း အမေ့ရင်ခွင်ငတ်နေတဲ့သူပါ..။
By: Aung Thet Paing at Jun 24, 2010
Comment #8
ကောင်းလိုက်တာဗျာ အတဲထဲကို နာကျင်သွားတာပါပဲ … နောက်တစ်ခါ ပြန်ဖတ်မယ် ပြန်ငိုမယ်
By: khantkyawkyawkhing at Sep 15, 2010




11611 masterpieces
34811 comments
3729 members
974 pc authors
Comment #1
ဖြိုးရေ ကဗျာလေးကကောင်းတယ်ဗျာ..။ကျွန်တော်လဲ အဲဒီလိုပဲ ခံစားနေရတဲ့သူပါ …။ ကျွန်တော်လဲအဲလိုကဗျာတစ်ပုဒ်ဖွဲ့မလို့စဉ်းစားနေတာ။အမေ့ကိုတမ်းခြင်းအနေ
နဲ့ပေါ့။ ခံစားချက် တွေနဲ့ထပ်တူကြအောင်ရေးနိုင်တဲ့ အတွက် ချီးကျူးပါတယ်..။