Professional Authors

ငါတို့ကခေါင်းထောင်ကြည့်ရမှာလား

ငါတို့က ခေါင်းထောင်ကြည့်ရမှာလား
မြောက်ကိုရီးယားမှာ ကင်ဂျုံအီး မရှိတော့ သူရဲ့သား ကင်ဂျုံအွန်း သမ္မတဖြစ်လာတာ
ကျူးဘားမှာ ကက်စထရို နားတော့ သူ့ညီ ရာအူးလ်ကက်စထရို သမ္မတဖြစ်လာတာ
ငါးတို့က ခေါင်းထောင်ကြည့်ရမှာလား

ငါတို့က ခေါင်းထောင်ကြည့်ရမှာလား
ဗွီဒီယို မင်းသမီးနဲ့ ခရိုနီရဲ့သား လက်ထပ်သွားတာ
ဟစ်ဟော့ အဆိုတော်နဲ့ ၀န်ကြီးရဲ့သမီး လက်ထပ်သွားတာ
ငါတို့က ခေါင်းထောင်ကြည့်ရမှာလား

ငါ့တို့က ခေါင်းထောင်ကြည့်ရမှာလား
ဇော်ဝင်းထွဋ်ရဲ့သား အီတိုးဖြစ်လာတာ
ရင်ဂိုရဲ့သား ကျားပေါက်ဖြစ်လာတာ
ငါ့တို့က ခေါင်းထောင်ကြည့်ရမှာလား

ငါ့တို့က ခေါင်းထောင်ကြည့်ရမှာလား
ခရိုနီကြီးရဲ့သား ခရိုနီလေးဖြစ်လာတာ
ပေါက်ဖော်ကြီးရဲ့သား ပေါက်ဖော်လေးဖြစ်လာတာ
ငါ့တို့က ခေါင်းထောင်ကြည့်ရမှာလား

ငါတို့က ခေါင်းထောင်ကြည့်ရမှာလား
မြန်မာပြည်မှာ ရသစာပေတွေ ခမ်းခြောက်နေတာ
မြန်မာပြည်က လူတွေကြားမှာ ငါတို့ကဗျာသမားတွေ ရေပန်းမစားတာ
ငါ့တို့က ခေါင်းထောင်ကြည့်ရမှာလား

ငါ့တို့ကခေါင်းထောင်ကြည့်ရလိမ့်မယ်
လယ်သမားဘ၀ကနေ အီဗရာဟင် လင်ကွန်း သမ္မတဖြစ်လာတာ
နတ်မောက်သား ကိုအောင်ဆန်းက ငါတို့ရဲ့ဗိုလ်ချုပ်ဖြစ်လာတာ
တောင်သာဇဂျမ်းရွာသား ဦတင်မိုးက ငါတို့ရဲ့ကဗျာဆရာကြီး တင်မိုး ဖြစ်လာတာ
ငါ့တို့ .  .  .  . ခေါင်းထောင်ကြည့်ရလိမ့်မယ်

ငါ့တို့ . .  . .  ခေါင်းထောင်ကြည့်ရလိမ့်မယ်
သာစည် ရွှေဖလားကန်ရွာကနေ  လေဘာတီ မမြရင် ဖြစ်လာတာ
တွံတေးကနေ သိန်းတန် ဖြစ်လာတာ
လင်းခေးကနေ စိုင်းထီးဆိုင် ဖြစ်လာတာ
ပုသိမ်ကနေ ထူးအိမ်သင် ဖြစ်လာတာ
အင်းလေးကနေ လေးဖြူ ဖြစ်လာတာ
ငါ့တို့ . . . .  ခေါင်းထောင်ကြည့်ရလိမ့်မယ်

ငါ့တို့က ခေါင်းထောင်ကြည့်ရလိမ့်မယ်
. . . . . . ခေါင်းထောင်ကြည့်ရလိမ့်မယ်
. . . . . . .  . . . . . . ကြည့်ရလိမ့်မယ်။           ။

                                                                 အော်စကာ  အိုင်ထွန်း
                                                                      09-2225627

In: ကဗျာ Posted By: Date: Nov 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment