Professional Authors

မျဉ်းပြိုင် ၁

ကျမ နဲ့ သူ..သို့..ခပ်ဆင်ဆင် အတွေးတူမယ် ထင်ခဲ့ကြတဲ့ ကျမတို့နှစ်ယောက် ?

 စတွေ့ကတည်းက သာမာန်ယောကျာ်းလေးနဲ့ မိန်းကလေး တွေ့တဲ့ခံစားချက်မဟုတ်ဘဲ သူနဲ့ကျမ ရင်းနှီးကြတယ်

 တစ်ယောက်နဲ့ တစ်ယောက် ဖြစ်လေ့ဖြစ်ထရှိတဲ့ ရှက်ကိုး ရှက်ကန်းအမူအရာမျိုး တွေ မရှိခဲ့ကြရာက စတယ် ထင်တယ် ……

 ကျမတို့တွေ့ပီး ၃ လလောက်အကြာမှာ ရည်းစားဖြစ်ခဲ့ကြတယ် ရိုးရှင်းတယ်

 “မင်းပုံစံကို ကိုကြိုက်တယ် စဉ်းစားပေးပါဆိုတဲ့ စကားနဲ့ “

” ထွေထွေ ထူးထူး စဉ်းစားစရာလိုမယ်မထင်ဘူးဆိုတဲ့ အဖြေ ” အဲဒိလိုနဲ့ ရည်းစားဖြစ်ခဲ့တယ်လေ ..

 “ကိုယ်ရည်းစားတွေများများထားဖူးတယ် ကို့မှာ သိပ်ချစ်ရတဲ့ မိန်းကလေးရှိခဲ့တယ် ကိုယ် ဘယ်သူကို့မှ သူ့လောက် ချစ်လာမှာ မဟုတ်သလို သူ့နေရာမှာလဲ မထားနိုင်ဘူး ” တဲ့  အိုခေ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျမ ဘက်ကလဲ ၀န်ခံစရာ၇ှိတာ ၀န်ခံပီး ပွင့်လင်းကြဖို့ သဘောတူခဲ့တယ်သိပ်မထူးဆန်းတဲ့ Date လုပ်မှု နဲ့ ကျမတို့အသားကျခဲ့တယ် မုန့်ဆိုင်တော်တော်များများဆီ ခြေဦးလှည့်ရင်း Date ဖြစ်ခဲ့ကြတယ်

 ထူးခြားတာက စတွဲလာကတည်းကခု ထိ သူ ကျမကို လာကြိုတယ် လိုက်ပို့တယ် ဆိုရှားပါးဖြစ်အင် တစ်ခုလိုဖြစ်နေတယ်

 သူလိုက်ပို့တယ် လိုက်ကြိုတယ် ဆိုတဲ့ ဖြစ်စဉ်တစ်ခု ကိုကျမ သိပ်မြတ်နိုးလွန်းသလိုဖြစ်နေသလောက် သူက

 ” မင်းအတန်းတက်တာ လိုက်ပို့ရမှာ ကိုယ်ပျင်းတယ် ဆိုတာမျိုး မင်းအလုပ်က နိုင်ငံခြားသားတွေနဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်စိတ်ရှုပ်တယ်ဆိုတာမျိုး” သူ့ဆင်ခြေက သိပ်ရိုးတယ်

 (အရင်တည်းကကျမ တစ်ယောက်တည်းသွားလာရတာ အသားကျနေခဲ့တော့) အစပိုင်းမှာ ကျမ ဘာတစ်ခွန်းမှ တုံ့ပြန်မှု မရှိပေမဲ့ ကြာလာတာနဲ့ အမျှ ပြသနာတစ်ခုလို သူ့ကို ဂျီကျတတ်လာတယ်

 တစ်ခါတစ်လေ သူစိတ်ရှုပ်စွာ လိုက်လုပ် ပေးတတ်ပေမဲ့ ကျမ ၀မ်းမသာနေမိတာအမှန်ပဲ ထင်တယ်

 အဲဒိ ဇာတ်လမ်းအဆုံးသတ်ဖို့ဖြစ်လာတာ က..တနေ့ ကျမ ဘူတာကြီးကို အရေးတကြီး သွားစရာရှိနေတဲ့ အချိန်က

 ညနေတော်တော် စောင်းနေပီ  ဒက်ဒီ အိမ်မှာရှိမနေ ခဲ့သလို Driver လဲပြန်နှင့်နေပီ ကျမ မှာ သင်မောင်းလိုင်စင်တစ်ခု နဲ့ ကဲ

 ဘာဆက်လုပ်ကြမလဲ ကိုယ့်ချစ်သူကို လှမ်းခေါ်မိမှာ အနည်းနဲ့အများ ပဲ မဟုတ်လားနော် နောက်တစ်ခုက အဲဒိရက်ပိုင်းကျမ အိမ် ကထွက်ဖို့ သိပ်ခက်နေတဲ့ အချိန်လေ ခေါင်းထဲကိုအကြံတစ်ခု ၀င်လာမိတာ တော့ အမေ့ကို အကြောင်းပြချက်ပေးရမယ်ဆိုမျိုး

 ဒါနဲ့ အမေ သမီး သွားလိုက်မယ်  ကို……ကိုခေါ်ပီးတော့ မေမေလဲ သူပါမယ်ဆိုတော့ စိတ်ချလက်ချကို ခွင့်ပြုလိုက်တယ်

 သူ့ကျူရှင်တက်နေမှန်းသိရက်နဲ့ ကျမ ၀မ်းသာမြူးတူးစွာဖုန်းကောက်ကိုင်ပီး  ကိုဒီနေ့အပြင်ထွက်ဖို့ ပါမစ်ကျတယ် လာခဲ့မယ်

သွားစရာရှိတာကို အကြောင်းပြပီးထွက်လာမယ်  စောင့်နေကြနေရာကစောင့်  နော် …ဆိုတဲ့ အဖြေက

အင်း  လာခဲ့တဲ့ ကျမ

 တစ်ချက် တော့ ငိုင်သွားတယ် ငါသိပ်ကိုမာနမရှိလွန်းနေလား

 ဟင့်အင်း ခေါင်းကိုခါထုတ်ပီး ပြန်ဖြည့်တွေးလိုက်တယ် သူကျူရှင်မှာလေ ……

 ကားပေါ်ကဆင်းပီး မျက်လုံးတချက်ဝေ့ကြည့်လိုက်မိတယ် တွေ့ပီ သူ…ကျမ အရမးနှစ်သက်တဲ့ အကျီ  င်္ အနက်လေးနဲ့ ကျမ အူယားသွားမိတယ် သူ့အနားတိုးပီး နောက်လိုက်တယ် ရှင်သိပ်ပဲများတာပဲ လို့ ဆိုတော့ ကျမတို့အမြဲပြောနေကြစကားလေးတွေနဲ့

 မင်းကဖိုက်တာလား 

ရှင်ကရော လူမိုက်လား

ဟေ့ကောင်မင်းဘာကောင်လဲ  ဒီလိုနဲ့ ကျမတို့ ရယ်မောလိုက်ကြတယ် ခုနက ဖြစ် ပျက်တာတွေကျမမေ့သွားတယ်

 အချိန်က ၇နာ၇ီ သာသာ

 မုန့်သွားစားမယ်တဲ့ သူက ..ဘူတာအရင်သွားမယ်လေ လို့ ကျမဆိုတော့

 အော် ကိုအဲဒါပြောမလို့ အိမ်ကို ဒီနေ့ စောစောပြန်ရမယ် မလိုက်တော့ဘူး Taxi နဲ့သွားလိုက်တော့နော်တဲ့

 မှင်သက် သွားသလို  မျက်ရည်တစ်ချက်စို့တက်လာတယ် ဘူတာကြီးလိုနေရာမျိုးကို ညဘက် တစ်ယောက်တည်းသွားမဲ့ မိန်းကလေး ကိုဘယ်သူမဆိုစိတ်မချဖြစ်မိမှာပဲမဟုတ်လား…ရည်းစားမဟုတ်ဘူး မိတ်ဆွေဆိုရင်တောင် စိတ်မချဖြစ်မိမှာမဟုတ်လား ….

 ခါတိုင်းလိုပဲ အကြောင်းအရင်းကို ကျမ မမေးမိတော့ဘူး ပြောစရာစကားလဲမရှိတော့ဘူး လေ …

 TAXI မဟုတ်ဘဲတွေ့ရာ လိုင်းကားပေါ် ကျမ ပြေးတက်လိုက်မိတယ် တခွန်းတလေတောင် သူ့ကိုနှုတ်မဆက်ခဲ့မိဘူးလေ

 ညဘက်အိမ်ရောက်တော့ အမေက သူပါလားတဲ့ ကျမ ဆွံ့ အသွားတယ် …ဟုတ်…ကဲ့ ..ဆိုတဲ့ မုသာဝါဒ တစ်ခုကျူးလွန် လိုက်တယ်

 ကျမ မငိုမိဘဲ မဲ့ပြုံးပြုံးနေမိတာ က?  အဲဒိနေ့ညထိ ဖုန်းဆက်ဖို့ကျမ စိတ်ကူးမရှိခဲ့ဘူး မနက်လင်းတော့ သူဖုန်းဆက်တယ်

 “မင်းမနေ့က ဘာအချိုးချိုးတာလဲတဲ့  “

 အံ့သြပီးရင် ကျမ အံ့သြမိသွားတယ် တကယ်ဆို စိတ်ဆိုးရမှာ ဘယ်သူလဲ ကိုယ့်ကိုကိုယ်တောင်

 အိမ်မက်မက်နေသလိုထင်မိလိုက်တယ် …….ဘာစကားမှမပြောဘဲဖုန်းကိုင်ထားမိတယ် ….

 “မင်းလုပ်ပုံက သိပ်ကိုတရားလွန်တယ် မင်းကိုငါ အမြဲလိုက်ပို့ လိုက်ကြိုလုပ်နေနိုင်မလားကွာတဲ့ ….”

 

ဟင် ..အမြဲတမ်း..ဟုတ်လား အဲဒိစကားက သိပ် တစိမ်းဆန်တယ် ကျမနဲ့ဆို ထားပါလေ

 “ရှင်နည်းနည်းမှ စိတ်မပူမိဘူးလား “ဆိုတော့

 ” မင်းသွားနေကြလေကွာ မင်း အလုပ် ကရောဘယ်တုန်းကစောစောပြန်ရလို့လဲ ဒီခရီးနဲ့ ဒီခရီး လေးသွားတာမင်း ဘာဖြစ်သွားမှာလဲမင်းသူများနိုင်ငံမှာောတင်သွားနေဖူးနေတာ ပဲ ဘာတွေလာဖြစ်နေတာလဲ အပိုတွေ ငါက ဘာကိုစိတ်ပူနေရမှာလဲတဲ့ “

 လုံးဝ အအ တစ်ယောက်လို ဆက်မပြောနိုင်တော့ဘူး ..

 

မင်းညကလဲဖုန်းမဆက်ဘူး မင်းအဲဒိလိုအချိုးနဲ့ဆို ငါနဲ့ ရှေ့ဆက်ဖြစ်မှာမဟုတ်ဘူးတဲ့ “

 ရှင်တော်တော်တရားလွန်တယ် တလုံးကလွဲရင် ဆက်ပြောစရာစကားမရှိတော့ဘူး ကျမ ထူးထူးဆန်းဆန်း သူ့ကိုပြောချင်ရာပြောပီး

 ဖုန်းချပလိုက်တယ် ……….. ဒီလိုနဲ့ ကျမ သူ့ကို လိုက်ပို့ပါ ကြိုပါ လို့မတောင်းဆိုဖြစ်တာ ခုဆို ၆ လနီးနီးရှိတော့မယ်ထင်တယ် သူလဲ

 မသိကျိုးနွံ ပါပဲ …………….

 

၂ …. ၃……..ဆက်ပါဦးမည်

In: ကဗျာ Posted By: Date: Jul 19, 2012
Comment #1

super like

commentinfo By: ei lay at Jul 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment