Professional Authors

“ညီမျှခြင်း”

 

သူကလေ
“ချစ်တယ်”ဆိုတဲ့စကား
လွယ်ကူစွာပြောတတ်တဲ့သူ
“မချစ်ဘူး”ဆိုတာ
ကိုယ့်ရင်ထဲမှာသေချာစွာသိနေပေမယ့်
“မယုံဘူး”ဆိုတဲ့စကားကိုတော့
သူသိအောင်ပြောမထွက်ခဲ့ဘူး
အထူးသဖြင့်
သူ့ မျက်နှာလေးမြင်နေချိန်မှာပေါ့………

သူကလေ
“လွမ်းတယ်”လို့ဆိုလာရင်
ဒါသူပြောနေကျ လက်သုံးစကား
“မလွမ်းဘူး” ဆိုတာ
ကိုယ့်ရင်ထဲမှာသေချာစွာသိနေပေမယ့်
“မယုံဘူး”ဆိုတဲ့စကားကိုတော့
သူသိအောင်ပြောမထွက်ခဲ့ဘူး
အထူးသဖြင့်
သူ့ အသံလေးကြားနေချိန်မှာပေါ့…….

ကိုယ်ကလေ
“မုန်းတယ်”ဆိုတဲ့စကား
ကိုယ် ပြောမယ်ကြံလိုက်တိုင်း
“မမုန်းဘူး”ဆိုတာ
ကိုယ့်ရင်ထဲမှာ နာကျင်စွာသိနေခဲ့တော့
သူသိအောင်ပြောမထွက်ခဲ့ဘူး
အထူးသဖြင့်
သူနဲ့ဝေးနေတဲ့အချိန်တွေတိုင်းမှာပေါ့…….

In: ကဗျာ Posted By: Date: Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment