Professional Authors

ငါဘာလုပ်ရမှာလဲ

တစ်ချို့တွေလာပြောကြတယ်
သူပြန်ရောက်လာပြီတဲ့
ငါပြုံးမိသွားတယ်
ချစ်သူတွေ ဖြစ်နေချိန်တုန်းက
လုံးဝပေါ်မလာတဲ့ နင်
သူစိမ်းတွေ ဖြစ်တော့မှ
ပြန်လာတော့ ငါဘာလုပ်ရမှာလဲ

တစ်ချို့တွေလာပြောကြတယ်
သပ်သပ်ရပ်ရပ်နဲ့ သူပိုချောလာတယ်တဲ့
ငါရယ်မောမိသွားတယ်
ခေါင်းဖြီးရမှာ ပျင်းတဲ့နင်
အကျီင်္အသစ် ၀တ်ရင် စိတ်ညစ်တဲ့နင်
ခုမှ သန့်ပြန့်သွားတော့
ငါဘာလုပ်ရမှာလဲ

တစ်ချို့တွေလာပြောကြတယ်
သူ ငါ့အကြောင်းမေးတယ်တဲ့
ငါပျော်ရွှင်သွားတယ်
ဒါပေမယ့် ချက်ချင်းအရယ်ရပ်သွားတယ်
နင်တို့ပြောနေတဲ့သူက
ငါ့ဆီ လုံးဝ အဆက်အသွယ်မလုပ်သေးတော့
ငါ့အကြောင်းမေးတာ
ငါဘာလုပ်ရမှာလဲ……

In: ကဗျာ Posted By: Date: Jan 31, 2012
Comment #1

ချစ်သူတွေ ဖြစ်နေချိန်တုန်းက
လုံးဝပေါ်မလာတဲ့ နင်
သူစိမ်းတွေ ဖြစ်တော့မှ
ပြန်လာတော့ ငါဘာလုပ်ရမှာလဲ

commentinfo By: kantkawmg at Jan 31, 2012
Comment #2

sate shot,,
sate shot,,linn.
linn ne tway phoe a hla tar pyin nay tar nay hmar pop loh,,
he,,he,,

commentinfo By: ei lay at Jan 31, 2012
Comment #3

ဟဲဟဲ….အဲလိုပဲဗျ…
ခန့်မှန်းရခက်တယ်….
ခံစားအားပေးသွားပါတယ်

commentinfo By: poem.poem28 at Feb 1, 2012
Comment #4

တစ်ချို့တွေလာပြောကြတယ်
သူ ငါ့အကြောင်းမေးတယ်တဲ့
ငါပျော်ရွှင်သွားတယ်
ဒါပေမယ့် ချက်ချင်းအရယ်ရပ်သွားတယ်
နင်တို့ပြောနေတဲ့သူက
ငါ့ဆီ လုံးဝ အဆက်အသွယ်မလုပ်သေးတော့
ငါ့အကြောင်းမေးတာ
ငါဘာလုပ်ရမှာလဲ……

commentinfo By: zawthetoo at Feb 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment