Professional Authors

” နှုတ်ဆက်ခြင်း “

” နှုတ်ဆက်ခြင်း “

ဒါဟာ အဆုံးသတ်
လူပြောများတဲ့ . . .
တဖတ်သတ် နိဂုံးလည်း ဖြစ်မှာပါ။

အရာရာဟာ
ဝိုးတဝါးနဲ့ နိဒါန်းကို ကျူးရင့်ဖို့ 
ပြင်ဆင်နေခဲ့ပြီ . . .လေ

အလောတကြီးမလိုတော့ပါ . . .
ညနေဆိုတဲ့ ကံတရားက
အချိန်တိကျသူ တစ်ယောက်ပါ
အဆင်သင့်ဖြစ်ရင်တော့
ပေါ့ပါးရဲရင့်စွာ ယုံကြည်လိုက်ပါတော့

ကဲ . . . စိတ်ချလက်ချ
စွန့် လွှတ်လိုက်ပါပြီ

မသေချာတဲ့
မြောက်များစွာသော စက္ကန့် တွေကို
အလွမ်းလှုံပြီး
(အများတကာလို  . . . )
ဆက်လက်ကခုန်ကျတာပေါ့ . . .

အေးစက်ခြင်းကင်းတဲ့
တိတ်ဆိတ်မှုဟာ
ရေရေရာရာ ငြိမ်းချမ်းနေမှာပါ . . . ။    ။

In: ကဗျာ Posted By: Date: May 1, 2012
Comment #1

meditation?

commentinfo By: ei lay at May 1, 2012
Comment #2

hey it is good tee.

commentinfo By: thazin at May 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment