Professional Authors

ခစ်…ခစ်

ရင်ခုန်သံတွေလား

တစ်စွန်းတစ်စ ထွက်ကျလာခဲ့မယ်ဆိုရင်တောင်

နည်းနည်း တိုးတိုး ဝမ်းသာမိမလားပဲ

ခုတော့ ကျောက်ရုပ်

ရင်ခုန်သံက မဟုတ်တရုတ်တွေဆို

တုတ်တုတ်တောင် မလှုပ်ခဲ့ဘူး

 

သူမက သိပ်အသည်းမာတယ်ဆိုပဲ

ပုံသွင်း ပြုစား စေခိုင်းတုန်းက

ဘေးထွက်ဆိုးကျိုးတွေ မကြောက်ခဲ့ကြဘူးထင်ပါ့

ခုတော့ ခံစားချက်မဲ့တဲ့လူသား

သူများအသည်းတွေပဲစားတယ်

 

ရီသံကအစ ချစ်ဖို့  ကောင်းသတဲ့

အဲဒါ အသည်းစားလက်နက်ဆိုတာ မသိကြလေဘူးလား

ဟီးဟီးဟားဟားတွေပဲ ပျော်ဝင်

ပုရိသတွေဆိုတာ အချိုသိပ်ကြိုက်ကြသတဲ့

ဘာတဲ့…. မဟုတ်ပါဘူးတဲ့လား(ရှက်ကိုးရှက်ကန်း)

 

ဘာမှမဟုတ်ပါဘူး

အဲဒါကိုက ဟုတ်နေတာ

ရည်းစားဟောင်းက ခုမချစ်တော့ပါဘူးတဲ့

ငါက အရင်ကတည်းကကို မချစ်ခဲ့တာ

ဒါဆိုဘယ်သူနိုင်လို့  ဘယ်သူများရှုံးသွားလေမလဲ

 

သူ့  ကိုချစ်ပါတယ်

တစ်ချိန်တည်းမှာပဲ နောက်တစ်သူကိုလဲ ချစ်နိုင်သေးတယ်

ပုရိသတို့  အတွက်ဆို ယောကျာ်းကောင်း မောင်းမတစ်ထောင်

သူမ တို့  အတွက်ဆိုရင်ရော

မောင်းမတစ်ထောင်လုံးက သူမလိုဆို(………)

 

ရီချလိုက်ပါတယ် ဟက်ဟက်ပက်ပက်

သူမက ရက်စက်တယ်(….ဆိုပဲ)

ဒါဆိုလဲ သွားပါပေါ့

ပြောကာမှ တိုးတိုးလာတော့လဲ

လက်ကာချိန်တောင်မရလိုက်ဘူး

ခိုးခိုးခစ်ခစ်သာ ရီချပစ်လိုက်တယ်

သူမ ရီသံချိုမှ ချိုပါလေစ……

 

ကြက်ခြေခတ်X

 

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ကဗျာကိုဖျက်ရင် ကဗျာဆရာကိုဖျက်တာနဲ့ တူတူပါပဲ…

commentinfo By: ကြက်ခြေခတ် X at Aug 19, 2011
Comment #2

အစ်မကဗျာတပူဒ်လဲပျက်သွားတယ်…….နှမြောဖို့သိပ်ကောင်းတာပဲ..
ရေးထားတာတွေကမကောင်းဘူးဆိုတာသိပေမဲ့ ကိုယ်တတ်သလောက်
နဲ့ရင်ထဲကအမှန်တွေကိုရေးထားတာပါ…………
ကြက်ခြေခတ်နဲ့တူတောင်းဆိုပါတယ်….ကျေးဇူးပြူပီးမဖျက်ပါနဲ့ရှငိ……

commentinfo By: May Kha at Aug 19, 2011
Comment #3

အမှန်ပဲ … လူဆိုးရဲ့ကဗျာတွေလည်းပျောက်သွားတယ် .. အရေးအသားမကောင်းပေမဲ့
ရင်ထဲကနေလာတဲ့ခံစားချက်တွေမို့လို့ .. ဘယ်သူမကောင်းကောင်းလူဆိုးကောင်းတယ် ..
PLS …. 🙁

commentinfo By: chityellusoelay at Aug 19, 2011
Comment #4

ကဗျာတွေကို ဖျက်လိုက်တာမဟုတ်လောက်ပါဘူးဗျ အခြေအနေတစ်ခုခုကြောင့် ကဗျာတွေ မထင်မှတ်ဘဲပျက်သွားတာထင်ပါတယ် ။ ကဗျာလေး ဒုတိယအကြိမ် အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Aug 19, 2011
Comment #5

X ရိုက်ချက်…တယ်ပြင်းသကိုး။။။

commentinfo By: Than Yaw Zin at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment