Professional Authors

အမည်မသိ (တာရာမင်းဝေ)

စယ်လီဥယျာဉ်တွေရဲ့ အဆင်းလေးမှာ
မင်းနဲ့ငါ တွေ့ဆုံကြတယ်
မင်းက နှင်းဖြူလို ခြေထောက်လေးတွေနဲ့
စယ်လီဥယျာဉ်ကို ဖြတ်သန်းသွားရဲ့။
သူမက အချစ်ကို
သစ်ရွက်ကလေးတွေ ပင်စည်က တိုးထွက်လာသလိုမျိုး
ခံယူပါတဲ့။
ဒါပေမယ့် …
ငယ်ရွယ်ရူးမိုက်တဲ့ငါက
မင်းစကားကို သဘောမတူခဲ့ပါဘူး။

မြစ်ကမ်းပါးဘေးက ကွင်းပြင်ထဲမှာ
ချစ်သူနဲ့ငါ ရပ်နေကြတယ်။
သူ့ရဲ့နှင်းဖြူလက်ကလေးတွေက ငါ့ပုခုံးပေါ်မှာ
သူမက ဘဝကို
မြက်ပင်ကလေးတွေ ပေါက်ရောက်လာသလိုမျိုး
ခံယူပါတဲ့။
ဒါပေမယ့်
ငယ်ရွယ်ရူးမိုက်တဲ့ငါလေ ခုတော့
မျက်ရည်တွေနဲ့ ပြည့်ခဲ့ရပြီ။

တာရာမင်းဝေ (ရှူး)

In: ကဗျာ,တာရာမင်းဝေ Posted By: Date: Apr 26, 2010
Comment #1

မိုက်တယ်..။

commentinfo By: SoFarAwayFromU at Oct 6, 2011
Comment #2

So NiCEeeeeeeeeeeeeeeeee

commentinfo By: May Kha at Nov 5, 2012
Comment #3

*___*
*_*

commentinfo By: ei lay at Nov 5, 2012
Comment #4

LIKE~~~~

commentinfo By: loafer at Nov 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment