Professional Authors

” အလကားရတယ် “

မျှော်လင့်ချက်တွေ ပိုက်ဆံပေးဝယ်မလို့လား

မလုပ်ပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက ဘာဒိုင်ညာဒိုင်တော့ မဟုတ်ဘူးနော်…။

သာယာမှုတွေ ကမ္ဘာပတ်ရှာမလို့လား

မသွားပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက သဘာဝရှုခင်းတော့မဟုတ်ဘူးနော်…။

ရယ်စရာတွေ ဟာသစာအုပ်မှာရှာမလို့လား

မဖတ်ပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက လူရွှင်တော်တော့မဟုတ်ဘူးနော်….။

ပျော်ရွှင်ကြည်နူးမှုတွေ နယ်ကျွံရှာမလို့လား

မခံစားပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက ဖျော်ဖြေရေးသမတော့မဟုတ်ဘူးနော်…။

ရက်စက်မှုတွေ ဟစ်တလာနဲ့အိုက်ခမန်းဆီမှာရှာမလို့လား

မငိုပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက နတ်ဆိုးတစ်ကောင်တော့မဟုတ်ဘူးနော်…။

ကြင်နာသနားမှုတွေ နိုက်တင်ဂေးဆီမှာရှာမလို့လား

မငတ်ပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက ကွမ်ရင်မယ်တော်တော့မဟုတ်ဘူးနော်…။

ကိုယ့်အတွက် တစ်နေရာစာ ရှာမလို့လား

မပူပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက သုဘရာဇာတော့မဟုတ်ဘူးနော်…။

                                          ဇင်သော့

New style ( စတိုင်သစ် ) မဂ္ဂဇင်း – ဇူလိုင်လ ၊ ၂၀၁၂

In: ကဗျာ Posted By: Date: Sep 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment