Professional Authors

အလကားရတယ်

မျှော်လင့်ချက်တွေ ပိုက်ဆံပေးဝယ်မလို့လား

မလုပ်ပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက ဘာဒိုင်ညာဒိုင်တော့ မဟုတ်ဘူးနော်…။

သာယာမှုတွေ ကမ္ဘာပတ်ရှာမလို့လား

မသွားပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက သဘာဝရှုခင်းတော့မဟုတ်ဘူးနော်…။

ရယ်စရာတွေ   ဟာသစာအုပ်မှာရှာမလို့လား

မဖတ်ပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက လူရွှင်တော်တော့မဟုတ်ဘူးနော်….။

ပျော်ရွှင်ကြည်နူးမှုတွေ နယ်ကျွံရှာမလို့လား

မခံစားပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက ဖျော်ဖြေရေးသမတော့မဟုတ်ဘူးနော်…။

ရက်စက်မှုတွေ  ဟစ်တလာနဲ့အိုက်ခမန်းဆီမှာရှာမလို့လား

မငိုပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက နတ်ဆိုးတစ်ကောင်တော့မဟုတ်ဘူးနော်…။

ကြင်နာသနားမှုတွေ နိုက်တင်ဂေးဆီမှာရှာမလို့လား

မငတ်ပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက ကွမ်ရင်မယ်တော်တော့မဟုတ်ဘူးနော်…။

ကိုယ့်အတွက် တစ်နေရာစာ ရှာမလို့လား

မပူပါနဲ့

ဟို … မိန်းကလေးဆီမှာအလကားရတယ်

သူမက သုဘရာဇာတော့မဟုတ်ဘူးနော်…။

 

                                                 ဇင်သော့

In: ကဗျာ Posted By: Date: May 20, 2011
Comment #1

ကြိုက်တယ်ဗျာ……….။ 😀

commentinfo By: terry at May 21, 2011
Comment #2

Nice

commentinfo By: YaungChi at May 21, 2011
Comment #3

oh …….. god

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment