Professional Authors

ဘာမှမရဘူးလို့  ချစ်သူမထင်ပါနဲ့  (၂)

တကယ်တော့ သူမက ခပ်ခက်ခက်ကောင်မလေးပေါ့
လွယ်တာတွေရှုပ်ထွေး အောင်လုပ်ပြီး
ပျော်နေတတ်တဲ့  နတ်သမီးလေးပေါ့

ဒါပေမယ့် ‘တစ်ခါတစ်ခါ ကျွန်တော့်ကို ချောင်ပိတ်အောင်လဲ
လုပ်တတ်ပြန်တယ်  ခံပေါ့လို့ ကိုယ့်ဖာသာပြောလိုက်တယ်
ကျေနပ်တဲ့ကောင်ကလဲရှိနေတာကိုး…

“သူမကိုဘယ်လိုချစ်တာလဲ”ဆိုတဲ့
မေးခွန်းလေးအောက် ကျွန်တော်ခဏတော့ ဆွံ့ အခဲ့တယ်
“ကောင်မလေးရယ် ငါက ငါ့ကိုယ်ငါ ဘာဖြစ်မှန်းတောင် မတွေးနိုင်ပဲ
နင့်ကို ကောင်းကင်ကြီး လုပ်ပြီး ငေးမော့ကြည့်ချင်နေတာလေလို့ ”
တကယ်ပါ ကျွန်တော့် ကတော့ ချစ်သူကို ကြီးကျယ် မြင့်မားစေချင်တာပေါ့နော်

သူမက “နင်က  ကောင်းကင်ကို အမြဲတမ်းကြည့်နေမှာလားတဲ့”

   “အင်းပေါ့ချစ်သူရယ်” ပေါ့ ကျွန်တော်ဖြေလိုက်တယ်

သူမ ခဏတော့စဉ်းစားသေးတယ်ပြီးတော့ စကားတစ်ခွန်းတုံ့ ပြန်တယ်ဗျာ

  “အင်းလေ နင်ကကောင်းကင်ကြီး အောက်စလွတ်တာစောင့်နေမှာပေါ့တဲ့ ”

  “အဲ…..”

တစ်ခါတစ်ခါ ကျွန်တော်လဲ  ရူးချင်ပါတယ် ချစ်သူရယ်….။

In: ကဗျာ Posted By: Date: Jan 13, 2013
Comment #1

Kwi..kwi..
Yee ya lun loh Tay dot me.
😛

hote loh lar?
Pout ka ya tway .
a yann Nout de naw.

commentinfo By: ei lay at Jan 13, 2013
Comment #2

thz ..ei lay
sate kuu htal ka kg ma lay par …….
apyin mhar tot ma tway. thay par buu

commentinfo By: thahanthit at Jan 13, 2013
Comment #3

A hak,,
A hak,,

commentinfo By: ei lay at Jan 13, 2013
Comment #4

ဟေးးးးးးချောင်းဆိုးနေတာလား

commentinfo By:ုkhin nyeinthu at Jan 14, 2013
Comment #5

အောက်စလွတ်တဲ့ကောင်းကင်ပေါ့နော် bro
အားပေးသွားပါတယ်ဗျာ

commentinfo By: နေကဗျာ at Jan 14, 2013
Comment #6

ခိခိ ဘယ်လိုဖြစ်ရတာပါလိမ့်ရှင့်

commentinfo By: မေပျို at Jan 14, 2013
Comment #7

bro ရေ မနက်က ခင်ဗျားကဗျာဖတ်ပြီး ကောင်းကင်ကို ကိုယ့်ဖာသာကြည့်ပြီး စိတ်တောင်မလုံဘူး

commentinfo By: နေကဗျာ at Jan 15, 2013
Comment #8

Ei le a khu Kaung kin ko kyi nay Dar pe.
😛
A hak,,
a hak

commentinfo By: ei lay at Jan 16, 2013
Comment #9

လာဖတ်တဲ့လူတွေကော ကွန့် မန့် ပေးတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးတင်ပါတယ်

commentinfo By: thahanthit at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment