Professional Authors

ကဗျာဆရာ – နရီထက်

စိတ်ကူးယဉ်သမျှကို
ပတ်ချာလည် ရူးသွပ်ခဲ့ကြသလို
အဖြစ်တစ်ခုကိုလည်း
ဟုတ်နိုးနိုးနှင့် အမွှန်းတင်ကြပြန်တယ်
သနားမှုကို လိုချင်ပြန်တော့
လိမ်ညာမှုကို လှည့်ကစားခဲ့တယ်
အချစ်အကြောင်းကို ကမ္ဘာဦးကလို့
အစ ချည်တတ်သလို
ဘ၀အကြောင်းကိုလည်း
ရေလည်လည် တတ်ခဲ့ကြတယ်လေး

မိုးရွာနေရင်တောင်
အလှဇစ်မြစ်ကိုရှာတတ်ခဲ့ကြသလို
နှင်းကျပြန်ရင်လည်း
နှင်းတစ်ဆုပ်စာကိုတောင်
ပန်းချီကားတစ်ချပ်လုပ်ခဲ့ပြန်တယ်လေး
မိုးကြိုးပစ်ရင်တောင်
ပန်းတွေ ပွင့်တော့မယ်လို
နမိတ်ဖတ်ပြန်သေးတယ်

လှေဝမ်းပေါက်ရေယိုနေရင်
အိမ်ဦးမကောင်းလို့ ဆိုတတ်ခဲ့ကြသလို
ဓါးတုံးနေရင်တောင်
ထက်လွန်လွန်းလို့ အသွားပဲ့ကြတယ်လို့
ခါးခါးသည်းသည်း ငြင်းဆန်ပြန်တယ်

ကဲ…
တစ်ရေးနိုးအိမ်မက်တွေကို
အလင်းရောင်တစ်ဝက်နှင့်
ပြန်မက်အုန်းမယ့် အိမ်မက်အဖြစ်နှင့်
ဖောက်သည်ချကြပြန်တယ်လေး….။     ။

နရီထက်
( ၂၄ ၊ မတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1

ကဗျာဆရာ … တဲ့ ။
ကောင်းလိုက်တာ နရီထက်ရယ် ။

Comment #2

အရမ်းကိုကောင်းတယ်အကိုကြီး
တကယ်ကိုအားပေးတယ်ဗျာ…

commentinfo By: myintmo at Mar 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment