Professional Authors

အချစ်ကို စားသုံးကြည့်ခြင်း – နရီထက်

တမားခါးခါး
ဆေးဖက်ဝင်တယ်ဆိုလို့
စားသုံးဖူးခဲ့ကြတယ်လေး

ပျားရည်ချိုချို
အမောပြေ နှလုံးအားဆေးဆိုလို့
စားသုံးကြပြန်တယ်လေး

အချဉ်ဓါတ်လည်း မြည်းခဲ့တယ်
အငံဓါတ်လည်း ဝေဖန်ခဲ့တယ်
အစပ်ဓါတ်လည်းနှင့် ရန်ဖြစ်ခဲ့သေးတယ်

ဒါဆိုရင်လည်း အချစ်ဆိုတာရော
ငိုလိုက် ရီလိုက် ပြန်ချော့လိုက်
စိတ်ဆိုးလိုက် ဖုန်းပိတ်လိုက် ပြန်ခေါ်လိုက်
လွမ်းလိုက် ဆွေးလိုက် ကြေကွဲလိုက်
မုန်းလိုက် မေ့လိုက် ပြန်ချစ်လိုက်တဲ့လား။     ။

နရီထက်
( ၂၃ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 23, 2010
Comment #1

ဟိုက်
ခိုက်သွားပြီ
အချစ်ကို definition ဖွင့်လိုက်တယ်
😀

commentinfo By: ကိုဇင် at Nov 24, 2010
Comment #2

hote pa ..hote pa

commentinfo By: thelko at Feb 2, 2011
Comment #3

တမားခါးခါး
ဆေးဖက်ဝင်တယ်ဆိုလို့
စားသုံးဖူးခဲ့ကြတယ်လေး

ပျားရည်ချိုချို
အမောပြေ နှလုံးအားဆေးဆိုလို့
စားသုံးကြပြန်တယ်လေး

အချဉ်ဓါတ်လည်း မြည်းခဲ့တယ်
အငံဓါတ်လည်း ဝေဖန်ခဲ့တယ်
အစပ်ဓါတ်လည်းနှင့် ရန်ဖြစ်ခဲ့သေးတယ်

ဒါဆိုရင်လည်း အချစ်ဆိုတာရော
ငိုလိုက် ရီလိုက် ပြန်ချော့လိုက်
စိတ်ဆိုးလိုက် ဖုန်းပိတ်လိုက် ပြန်ခေါ်လိုက်
လွမ်းလိုက် ဆွေးလိုက် ကြေကွဲလိုက်
မုန်းလိုက် မေ့လိုက် ပြန်ချစ်လိုက်တဲ့လား။ ။
အချစ်ကစားကောင်ပါတယ် ကိုနရီထက်..။

Comment #4

he.he.
so cute.
so sweet.

commentinfo By: ei lay at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment