Professional Authors

ထိုနေ့သည်၅ရက်နေ့ဖြစ်သည်။

အနင်းခံဟန်ရေးသော(မြေ)၊ပုံသဏ္ဍာန်မဲ့အမျိုးမျိုးရေးသော(ရေ)
စော်ကားမော်ကြွားဟန်ရေးသော(လေ)၊ဆဲဆိုဟန်ရေးသော(မီး)
စသည့် ခေတ်သစ်မျက်မမြင်လေးယောက်တို့၏ စမ်းသပ်ကဗျာတို့ကို
ပညာရှိတို့ ကဲ့ရဲ့ကြကုန်၏။မင်းကတော့ မိကျောင်းမင်း ရေခင်းပြရင်း
ရေတိမ်နစ်နေသည်။အမှန်စင်စစ် ဖိတ်မခေါ်ဘဲ ရောက်ရောက်လာခြင်းသည်ပင်
အသွန်အသင်မဲ့ ကြီးပြင်းလာခြင်း၏ပြယုဂ်ဟု ဆိုအပ်၏။သူတို့နှင့်ငါ တွေ့ဆုံခြင်းသည်
ကိုယ့်လမ်းကိုယ်လျှောက်သူအချင်းချင်း အသိအမှတ်ပြုရုံသာဖြစ်၏။
မင်း ကျင်လည်ကျက်စားသော ပတ်ဝန်းကျင်မှ ခွေးအ,များ အုပ်စုဖွဲ့ခြင်းမျိုးမဟုတ်။
မနေ့က ငါ၏အတွေးအခေါ်သည် ဒီကနေ့မင်းအတွက် ကဗျာရေးရန် အရင်းအမြစ်
ဝမ်းစာဖြစ်နေပြီ။ဒီကဗျာဆရာတွေက ငါ ဘယ်လောက်တော်လဲဆိုတာ
အခုထိ ခန့်မှန်းနေကြဆဲ။

In: Others Posted By: Date: Feb 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment