Professional Authors

အထိအတွေ့

ဝေးဝေးနေ

ပုံဖော် မြင်အောင်ကြည့်

မဆုံးနိုင်တဲ့ ရှုခင်းနဲ့

တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်စပ်မှုကို ဖွေရှာ

မှားချင်တာတွေ မမှားဖြစ်တော့ရင်

ငါတို့ ခံစားခဲ့ရသမျှက

တန်တယ် …..

 

စိတ်ချင်း ထိခတ်မိသမို့

စိတ်တွေဟာ နာကြရတယ်။

 

ခံစားမှုကို သစ္စာစောင့်သိခဲ့လို့

ခံစားရသလို ပြောခဲ့ကြတယ်။

 

တစ်ယောက်ကို လက်ညှိုးထိုးသမို့

ကိုယ့်ရုပ်ပုံက မှန်ထဲမှာပေါ်လာ။

 

ခုတော့ …

စေ့စပ်မရ

မစေ့စပ်သင့်

ရင်ဘတ်ချင်းတောင် ထိကပ်မရမှတော့

ဘဝကလည်း ခွဲခြားပေးလိုက်ပါတော့တယ်။

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

*-*

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment