Professional Authors

တနေ့နေ့အတွက်

အပြာဆုံးကောင်းကင်အောက်က
အနီဆုံးနှင်းဆီတစ်ပွင့်ဟာ
အချစ်ဆုံးမင်းအတွက်
(ငါစိုက်ပျိုးထားတယ်)………..
အနက်ဆုံးညထဲက
အတောက်ပဆုံး ကြယ်စင်ဟာ
အချစ်ဆုံးမင်းအတွက်
(ငါရှာဖွေထားတယ်)…………
အနူးညံ့ဆုံးငါ့ရင်ထဲက
အချိုဆုံးအနမ်းတွေဟာ
အချစ်ဆုံးမင်းအတွက်
(ငါသိမ်းဆည်းထားတယ်)…………
တနေ့ပေါ့
အပြာဆုံးကောင်းကင်အောက်မှာ
အနက်ဆုံးညတွေမှာ
မင်းရှိခဲ့ရင်
ငါလေ အချိုဆုံးအနမ်းတွေပေးပါရစေ…နော်………..

 

In: Others Posted By: Date: Jul 5, 2010
Comment #1

ကောင်းကင်ပြာမလား စောင့်ရင်း
ပန်းနှင်းဆီအနီလေး နွမ်းသွားရင်
အမှောင်ဆုံးသောညမှာ
အလင်းဆုံးသောကြယ်ဘ၀မရောက်ခင်
အမှောင်ပျောက်လို့အလင်းရောက်ခဲ့ရင်
နူးညံ့ချိုမြတမ်းတရတဲ့အနမ်းတွေကို
ရခွင့်မရှိတဲ့ဘဝ
ကျမအတွက်ဖြစ်မယ်ထင်တယ်?

Comment #2

heart hti twar p.
mike de.
lone wa mike de kwar.

commentinfo By: ei lay at Jul 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment