Professional Authors

ဒါ … ဆူးခင်းသော ပျော်ရွှင်ဖွယ်ဘ၀…..?

ပတ်ဝန်းကျင်တွေ အသိုင်းအ၀ိုင်းတွေ
အကုန်ဖယ်ထား …
နင်နဲ့ ငါ နှစ်ယောက်ထဲ ရှိနေချင်လိုက်တာ …

ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေထက်  …
ဖြစ်ချင်တာလေးကို တစ်ခါတစ်လေပဲဖြစ်ဖြစ်
စိတ်ကူးယဉ်ကြည့်ပါရစေ …

စူးစူးနင့်နင့် ချစ်တတ်လာတော့မှ
ဟန်ဆောင်မှုတွေကို
တူးတူးခါးခါး မုန်းတတ်လာတယ် …

ဒါပေမယ့် တစ်ချိန်ထဲမှာပဲ
ဟန်ဆောင်ခြင်းအတတ်တွေကို
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာခဲ့ပြီ …

ချောက်ကမ်းပါးက မနက်ပါဘူးဟာ …
ဒါပေမယ့် …
ခင်းထားတဲ့လမ်းက ဆူးတွေ … ဆူးတွေ … ဆူးတွေ ..

ဝေးဝေးက ရပ်ကြည့်မနေပါနဲ့နော် …
ငါ့လက်ကိုဆွဲ .. တွဲခေါ်လှည့်ပါ …
နင်နဲ့သာဆို ဆူးခင်းလမ်းလဲ ငါလျှောက်မှာပေါ့ …

ဆုပ်လဲစူး … စားလဲရူး .. ရှုလဲ မူးပါစေကွယ်  ..
အဲ့ အရာကိုပဲ ..
ငါ ..
မက်မက်စက်စက် .. စားသုံးမယ် …

ထူးထူးခြားခြားပါပဲ…ငါ နင့်အတွက်…ခု…
နင်နဲ့ မသက်ဆိုင်တာ မှန်သမျှလည်း တူးတူးခါးခါး မုန်းပါတယ်….

ခဏလေးပါ တကယ်ကို ခဏလေးပါ ဘ၀ထဲမှာ…
နင်သာ…. နင်သာ..အရာရာ

မကြာ မကြာလည်း လွမ်းပါတယ်….
နှုတ်ခမ်းပါ တချို့ကိုလည်း သတိရ….
ဒါ … ဆူးခင်းသော ပျော်ရွှင်ဖွယ်ဘ၀…..?

In: ကဗျာ Posted By: Date: Apr 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment