Professional Authors

ဆုတောင်းများ နောက်ကွယ်

မီးခိုးတိတ် သက်ပြင်းများစွာထဲက
တယုတယ စိတ်ကူးများ
ရာသီရထားပေါ် ခေါ်ယူလိုက်ပါခွင့် ရနိုင်ပါစေ…

ပိတောက်စီးချင်းနဲ့ ကတဲ့နွေ
မိုးတိမ်တွေရိုကျိုးတဲ့မိုးမှာ
မြူလဲ့လဲ့ဖြာ နှင်းဟာလဲ
နေရာတစ်ခု ရနိုင်ပါစေ…

ဆံနွယ်နံ့သင်းသင်းနဲ့
အပြုံးဝင်းဝင်းလေးတွေကြား
စီးမျောလိုက်ပါခွင့် နောက်ကျခဲ့သောစကားလုံးများ
သူမ အဖန်ဖန် ကြားနိုင်စေ….

မထီမဲ့မြင်ပြုခဲ့လေသော
တောရိုင်းတစ်ကောင်၏ အမှန်တရား
သူမပြန်လည် မှတ်သားနိုင်ပါစေ…

မွှေးမြပါစေ .
ကြည်လင်ပါစေ .
အေးချမ်းနိုင်ပါစေ .
ပြည့်စုံနိုင်ပါစေ   ကောင်မလေးရေ…
တောင်းခဲ့တဲ့ဆုတွေအားလုံးသာ
ရှင်သန်ခွင့် ရမယ်ဆို
မြတ်နိုးခြင်းဆိုတာ
မာယာ ကို တားတဲ့ ကြိုးတစ်ချောင်း ဖြစ်တန်ပါရဲ့လေ…

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

မွှေးမြပါစေ .
ကြည်လင်ပါစေ .
အေးချမ်းနိုင်ပါစေ .
ပြည့်စုံနိုင်ပါစေ ကောင်မလေးရေ…
တောင်းခဲ့တဲ့ဆုတွေအားလုံးသာ
ရှင်သန်ခွင့် ရမယ်ဆို
မြတ်နိုးခြင်းဆိုတာ
မာယာ ကို တားတဲ့ ကြိုးတစ်ချောင်း ဖြစ်တန်ပါရဲ့လေ…။

Comment #2

မွှေးမြပါစေ .
ကြည်လင်ပါစေ .
အေးချမ်းနိုင်ပါစေ .
ပြည့်စုံနိုင်ပါစေ ကောင်မလေးရေ…
တောင်းခဲ့တဲ့ဆုတွေအားလုံးသာ
ရှင်သန်ခွင့် ရမယ်ဆို
မြတ်နိုးခြင်းဆိုတာ
မာယာ ကို တားတဲ့ ကြိုးတစ်ချောင်း ဖြစ်တန်ပါရဲ့လေ…

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #3

အော် တောင်းတဲ့ဆုတွေပြည့်ချင်သေးတယ်ပေါ့
ပြည့်ပါစေဗျာ
ကုသိုလ်များများလုပ်နော်

commentinfo By: myboy at Jul 18, 2011
Comment #4

စီးမျောလိုက်ပါခွင့် နောက်ကျခဲ့သောစကားလုံးများ
သူမ အဖန်ဖန် ကြားနိုင်စေ….

တောင်းခဲ့တဲ့ဆုတွေအားလုံးသာ
ရှင်သန်ခွင့် ရမယ်ဆို
မြတ်နိုးခြင်းဆိုတာ
မာယာ ကို တားတဲ့ ကြိုးတစ်ချောင်း ဖြစ်တန်ပါရဲ့လေ…

commentinfo By: MyoZin at Jul 18, 2011
Comment #5

အဲဒါကတော့ လူ နဲ့  ဆိုင်တယ်….မမိုက်နဲ့ တော့ပေါ့…
အားပေးသွားပါတယ် အစ်ကို

commentinfo By: minratha at Jul 21, 2011
Comment #6

ဆံနွယ်နံ့သင်းသင်းနဲ့
အပြုံးဝင်းဝင်းလေးတွေကြား
စီးမျောလိုက်ပါခွင့် နောက်ကျခဲ့သောစကားလုံးများ
သူမ အဖန်ဖန် ကြားနိုင်စေ…….
ဘ၀တူတွေပေါ့ဗျာ……….း-)

commentinfo By: maung nge at Jul 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment